ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ခြေလျင်စစ်ကြောင်း ထိုး‌ နေမှုကြောင့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူသောင်းချီ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ခြေလျင်စစ်ကြောင်း ထိုး‌ နေမှုကြောင့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူသောင်းချီ ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ပြီး ခြေလျင်စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူသောင်းချီကာ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာသပိတ်ကော်မတီက ထုတ်ပြန်သည်။

ယနေ့အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းအတွင်း မှ အင်အား ၁၅၀ ခန့်ဖြင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီးကျေးရွာများအ တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်ချိန်တွင် မုံရွာမြို့နမခတပ်မှတက်လာ သော ပါရာမိုတာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့က မုံရွာမြို့အ ခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်မှ ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး ညောင် ပင်ကြီးရဲစခန်း၌ ညအိပ်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ပြည်သူအချို့ကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားပြီး ကျေးရွာများရှိ နေအိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်ကာ ရွှေငွေတချို့နှင့် အသုံးအဆာင် ပစ္စည်းများကို လည်း ခိုးယူထားကြောင်း၊ ထို့အပြင် ပြည်သူတစ်ဦးကို ပစ်ခတ်သတ်မှုကြောင့် ပြည်သူ ၁ ဦး ထိမှန်ထားပြီး အခြေအနေအသေးစိပ်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းက လယ်တီရွာနှင့် ဆည်တည်းရွာ၌ ညအိပ်ရန် တပ်စွဲထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လှည်းကူးမြို့နယ်ထွေအုပ်ရုံးကို ဗုံးခွဲ တိုက်ခိုက်မှု ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူ ၁ ဦးသေဆုံး

လှည်းကူးမြို့နယ်ထွေအုပ်ရုံးကို ဗုံးခွဲ တိုက်ခိုက်မှု ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူ ၁ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၈ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုးကျေးရွာရှိ မြို့နယ်ထွေ/အုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူ ၁ ဦးသေဆုံးခဲ့ကြောင်း Yangon Army -YA အဖွဲ့က ထုတ်ပြန် သည်။ ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့...