ရေဦးမြို့အဝင်၌ ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံး

ရေဦးမြို့အဝင်၌ ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်၌ ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့‌ အောက်တိုဘာလ ၁၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်က ရေဦးမြို့မြောက်ပိုင်း မြို့အထွက်၌ ကင်းပုန်းဝပ်ရန် ရေဦးမြို့တွင်းမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀ ဦးခန့်ကို မြို့အဝင် ဆိုင်းဘုတ်အနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၆ ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း CDF – Hakha ကထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...