သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း -မင်းကွန်းလမ်းပေါ်တွင် စစ်ဆေးရေးလုပ်နေသော စစ်သား များကို တိုက်ခိုက်ခဲ့ ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး လက်နက် ၇ လက်သိမ်း ဆည်းရရှိ ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း – မင်းကွန်းလမ်းမပေါ် ပေါက်တောကျေး ရွာတွင် ပြည်သူများအား ဖမ်းဆီးစစ်ဆေးနေသော ခလရ ၁၁၆ တပ်ရင်းမှ စစ်သား ၂၀ ခန့်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်၍ အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး စိုးမင်းထွန်း ပါ စစ်သား ၅ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသ်ည။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်သားများသည် ပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကို အတင်းအဓမ္မလုယူကာ ထွက်ပြေးသွားသည်ဟု ဆိုသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ကိုင်ဆောင်အသုံးပြုသော MA1 အမျိုးအစား သေနတ် ၂ လက်၊ MA3 အမျိုးအစားသေနတ် ၃ လက်၊ MA5 အမျိုးအစားသေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ အိုင်ကွန်တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ် သားများ အနီး သွားနေထိုင်ခြင်းမပြုကြပါရန်နှင့် လမ်းပေါ်တွင်တွေ့ရှိပါက ခပ်ဝေးဝေးမှ နေထိုင် သွားလာကြပါရန် ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media