Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာ မိန်းလမ်းမပေါ်တွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

မေလ ၁၉

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၊ မိန်းလမ်းမပေါ်တွင်တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Generation Z Power ပြည်သူ့ကာကွယ်ရေး မြို့ပြပျောက်ကျား – GZP တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်နှင့် ညနေ ၅ နာရီ ၁၅ မိနစ် တို့တွင် စစ်ကိုင်းမြို့နယ်၊ အုန်း တောကျေးရွာ၊ စစ်ကိုင်း -မုံရွာလမ်းမပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို Shar Htoo Waw နည်းပညာသုံး ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂ ဦးသေပြီးတော့ ၅ ဦးဒဏ်ရာတယ်၊ သေတဲ့ ၂ ဦးကတော့ အဲဒီနေရာမှာပဲ အမိန့်စာပြန်တယ်လို့ သိရတယ်။ ကျနော်တို့ဘက်က ဒရုန်း ၂ စီးဆုံးရှုံးခဲ့တယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ ကျနော်တို့ ဗုံးချပြီးတဲ့အချိန် Jammer လွှတ်တဲ့သဘောပဲ၊ Jammer ကို မရုန်းနိုင်တဲ့အချိန်မှာ Error ဖြစ်ပြီး ကျသွားတာ။ ကျတာကတော့ မြင်ရတဲ့နေရာပဲ ဒါပေမယ့် ပြန်ကောက်လို့မရဘူး၊ အဲဒီတပ်ထဲက နယ်ခံတွေခေါ်လာပြီးတော့ အဲဒီဒရုန်း ၂ စီးကို လာကောက်သွားတာ။ စစ်ကိုင်း – အုန်းတော ကုန်း တက်နားမှာ တပ်စွဲထားတာ၊ သိပ်ကြားသေးဘူး။ တစ်လလောက်ပဲရှိသေးတယ်။ စစ်ကိုင်း – အုန်း တောမိန်းလမ်းပေါ်မှာပဲ။ ကင်းချတဲ့သဘောမျိုးတပ်စွဲထားတာ။” ဟု Generation Z Power ပြည် သူ့ကာကွယ်ရေး မြို့ပြပျောက်ကျား – GZP တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျားတပ်ခွဲနှင့် Taw Twin Tup Pee Local PDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ် ပယ်ခံရသူ ညီညီက နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ငွေကြေး၊ ပစ္စည်းများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းTGI Support Revolution ထံမှ...