အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း Chindwin Rocket Brother (CRB) ထံမှ သိရသည်။

အောက်တိုဘာလ ၂ ရက် နေ့က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အ တွင်း သို့ Chindwin Rocket Brother (CRB) တပ်ဖွဲ့မှ ဦးဆောင်ပြီး သီတင်းကျွတ်အကြို အဖြစ် ရော့ ကတ် လက်နက်ကြီးဖြင့် ၁၀ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်တိုင်းရုံးမှ အရာရှိ ၅ ဦးအပါအဝင် ၁၀ ဦး၊ ရိက္ခာဂိုဒေါင်စောင့် စစ်သား ၂ ဦး တို့ ပွဲချင်းပြီး သေဆုံးကာ ကျန်ဒဏ်ရာရရှိသူများကို တပ်မတော်ဆေးရုံခွဲ ၄/၃၀၀ သို့အရေးပေါ် ပို့ ဆောင်ခဲ့ကြောင်း၊ ထို့အပြင် ရိက္ခာဂိုဒေါင် ၂ လုံးလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

“ထိချက်ကောင်းတယ်၊ သူတို့ဘက်က ပြန်ပစ်တာရှိပါတယ်။ ၄ လုံးပြန်ပစ်တာ၊ ပြည်သူတွေရော၊ ရဲဘော်တွေရော အကုန်လုံး အထိအခိုက်မရှိပါဘူး။ မိဘပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေ ကို ကူညီထောက်ပံ့ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ချင်းတွင်းရောကတ်ညီနောင် (Chindwin Rocket Brother – C.R.B) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရောကတ်ညီနောင် (Chindwin Rocket Brother – C.R.B) ဦး ဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော ချိုမိုင်မိုင် (ကနီ)၊ Chindwin Brother ၊ Budalin Defense Force ၊ Bandula Defense Force ၊ Federal Democratic Force၊Burmer Army ၊ မုံရွာ ခရိုင်တပ် ရင်း ၁၄ ဗိုလ်လက်ကောက် နှင့် ယင်မာပင်ခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်ရင်းနှင့် မြို့မရဲစခန်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်

ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်ရင်းနှင့် မြို့မရဲစခန်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းနှင့် မြို့မရဲစခန်းအတွင်းသို့ ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညနေ ၆ နာရီ ၁၀...