သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။
အောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီ ၃၅ မိနစ်က မုံရွာ -မန္တလေးလမ်းပေါ်တွင် ပြည်သူလူထု အ ပေါ် အနိုင်ကျင့်ပြီး ငွေကောက်နေသော အကြမ်းဖက် အုပ်စုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးကြောင်း၊ ထို့အပြင် တပ် ကူရောက်လာသည့် အကြမ်းဖက်စစ်သား ၃၀ ခန့်ကို ထပ်မံ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၊ ပျူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ဦးဆောင်၍ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၄ 5/ Teacher Force မုံရွာခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် တပ်ရင်း ၂၈ တပ်ခွဲ ၃ ၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၄ TSG တပ်ရင်း ChinDwin Fighter Group တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများ အနေဖြင့် မုံရွာ -မန္တလေး လမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်များနှင့်တွေ့ပါက ကပ်လိုက်ခြင်းမပြုကြရန်နှင့် စစ်သားများအနီး အတူတကွနေထိုင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံ ထားသည်။
Thanlwin Myanmar Media