မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကိုတိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် ၄ ဦး သေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကိုတိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် ၄ ဦး သေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့ -ပလဖ က ထုတ်ပြန်သည်။

အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်းနှင့် အက်တောအဝိုင်းပတ်၌ ပြည်သူ များထံမှ ပါလာသည့် ပစ္စည်းများကို အိမ်စီးကား တစ်စီးဖြင့် အတင်းအဓမ္မ ဆက်ကြေးကောက် နေ သည့် ရဲများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ် ခတ်တိုက်ပွဲ မိနစ်အနည်းငယ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ သေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သော BA. 63 (ခေါ်) G3 အမျိုးအစား သေနတ် ၂ လက် နှင့် ၉မမ ပစ္စတို သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်-ပလဖ) ၊ ကျောင်းသားတပ် တော် (SAF) ၊ မုံရွာခရိုင်တပ်ရင်း ၂ ၊ ခွဲ (၁) ရွာဇော်ကြီးတော်လှန်သံ နှင့် Budalin Mobile Team တို့ ပူး‌ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး

ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီ စစ်သားမှ ၂၀ ဦး သေဆုံးခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်သည်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖာပွန်ခရိုင်တွင်...