သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၅ ရက် နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်က ရွှေဘိုမြို့နယ်၊ ဇီးကုန်း လေး (ပျူ)ရွာ အဝင်ရှိ စစ်တပ်ဘန်ကာကင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ ကျန်စစ်သား၊ ပျူစောထီးများ ဘန်ကာအတွင်းမှ ဝရုန်းသုန်းကားဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ စခန်းသိမ်းပိုက်ပြီးနောက် စစ်သား၊ ပျူစောထီးများ အသုံးပြုသော ကာဘိုင်အမျိုးအစား သေ နတ် ၂ လက်၊ ကိုးလုံး သေနတ် ၁ လက်၊ ၇.၆၂ ကျည် ၁၂၉ တောင့်၊ ကာဘိုင်ကျည် ၃၈ တောင့်၊ ကိုး လုံးကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၃ ခုနှင့် ဖုန်း ၁ လုံးသိမ်းဆည်းရရှိကာ စစ်တပ် ကင်းစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း မြိုက်ကျေးရွာ ဘုန်းကြီးကျောင်း၌ အထိုင်ချတပ်စွဲထားသော စစ်သား၊ ပျူစော ထီးများက လက်နက်ကြီး လက်နက်ငယ်များပစ်ကူပေးလာသောကြောင့် စစ်ကူစစ်ကြောင်း ဖြတ် တောက်ရေး တာဝန်ယူထားသော ရဲဘော်များက ၆၀ မမ ၊ ကလလ ဗုံးသီးများဖြင့် ပစ်ခတ်တိုက် ခိုက်ကာ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) မှ ဦးဆောင်ပြီး တိုက်နယ် ၁၊ ၂ ၊ ၃ ၊ ၅ ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ပူးပေါင်းကာ ပြောက် ကျားစနစ်ဖြင့် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
Thanlwin Myanmar Media