သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။
အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က ရွှေဘိုမြို့၊ တောင်ဘက်မုခ်၊ Good Brother ရုံးမှ ထွက်လာသော တပ်မ ၃၃ လက်အောက်ခံ စခတ ၈ မှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တဂဏန်း ကျေးရွာအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ကြာမြင့်ခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်ကြောင်းမှာ ရွှေဘိုမြို့တောင်ဘက်မုခ် သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တကက စံထွေးအပါအဝင် ၇ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ် ရာရရှိခဲ့ကာ တပ်ကြပ်အဆင့်ရှိသူ တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့ အပြင် ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ MA-1 အမျိုး အစား သေနတ် ၁ လက် ၊ ၆၀မမ အဖူး ၁ ဖူး၊ RPG-7 အဖူး ၂ ဖူး၊ ကျောလွယ်ဂျမ်ဘာ ၁ ခုနှင့် ၅.၅၆ ကျည် အတောင့် ၁၀၀ တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ – Together We Can ၊ ရွှေဘို ခရိုင် အမှတ် ၄ တပ်ရင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Northern Tiger Group ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရွှေဘိုမြို့ပေါ်ရှိ ကညန ရုံးနှင့် ရွှေဘိုတ ထပ ၂ မှ ဟောင်ဝှစ်ဇာလက် နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေဘိုမြို့ ကာကြီးကွင်းအနီး အောင်မြေဘုန်းကြီး ကျောင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကိုရင် ၄ ပါးပျံလွန်တော်မူပြီး ၈ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media