ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးနေသော စစ်သားများကို လိုက်လံဖမ်းဆီး မှု ၃ ဦးသေဆုံးပြီး ၃ ဦးအရှင်မိ၊ လက်နက် ၆ လက်နှင့်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးနေသော စစ်သားများကို လိုက်လံဖမ်းဆီး မှု ၃ ဦးသေဆုံးပြီး ၃ ဦးအရှင်မိ၊ လက်နက် ၆ လက်နှင့်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးနေသော စစ်သားများကို လိုက်လံဖမ်းဆီးရာ ၃ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်း ဆည်း ရရှိခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF ထံမှ သိရသည်။

ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲအတွင်းမှ ကစဉ့်ကလျားထွက်ပြေးနေသည့် အကြမ်းဖက်စစ် သားများကို လိုက်လံရှင်းလင်းခဲ့ရာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က စစ်သားတစ်ဦးကို အ သေ ပစ်ခတ်ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ MA1 အမျိုးအစား သေနတ် ၁ လက်၊ ၅.၅၆ ကျည် အ တောင့် ၅၀ နှင့် ကျည်ဘောက် ၃ ဘောက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်မှ ဒုတပ်ကြပ် ၁ ဦးနှင့်အတူ စစ်မှုထမ်းတပ်သား ၂ ဦးကို MA1 အမျိုးအစား သေနတ် ၂ လက်၊ MA2 အမျိုးအစားသေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂၀၀ ၊ ကျည်ဘောက် ၈ ဘောက်၊ ဖုန်း ၄ လုံးတို့နှင့်အတူ အရှင်ဖမ်းမိခဲ့ ကြောင်း သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ကနီမြိုန့ယ်၊ ချောင်းမကျေးရွာအတွင်းမှ ကစဉ့်ကလျားထွက် ပြေးနေသည့် စစ်သားများကို လိုက်လံရှင်းလင်းခဲ့ရာ စစ်သား ၂ ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး MA1 အမျိုးအစား သေနတ် ၂ လက်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၁၇၀ နှင့် ကျည်ဘောက် ၈ ဘောက် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်မြေရှင်းလင်းမှုများကို ယင်းမာပင်မြို့နယ် ပကဖ Union Liberation Front – ULF တပ် ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်သော စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန်အတွက် ယခု ပြု လုပ်လျက်ရှိသော “အနောက်မြောက်လွင်ပြင်သို့” ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် ထုတ်ပြန် ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတက်ရန် လပခ အတွင်းသို့ မင်းအောင်လှိုင်ရောက်ရှိနေစဉ် ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတက်ရန် လပခ အတွင်းသို့ မင်းအောင်လှိုင်ရောက်ရှိနေစဉ် ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၄ မန္တလေးမြို့ တက္ကသိုလ် ရာပြည့်ပွဲတက်ရန် အလယ်ပိုင်းစစ်ဌာနချုပ် -လပခ အတွင်းသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေစဉ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar...