စစ်ကိုင်းမြို့အဝင် ဝါးချက်ရွာတောင်ဘက် စစ်တပ်စစ်ရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ အားလုံး ကားဖြင့် ထွက်ပြေး၊ စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းမြို့အဝင် ဝါးချက်ရွာတောင်ဘက် စစ်တပ်စစ်ရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ အားလုံး ကားဖြင့် ထွက်ပြေး၊ စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အဝင် ဝါးချက်ကျေးရွာတောင်ဘက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများအားလုံး ကားဖြင့် ထွက်ပြေးသွားကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကိုင်းမြိုအဝင် ဝါးချက်ကျေးရွာတောင်ဘက်ရှိ အကြမ်းဖက် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရန် တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်စဉ် ယင်းဂိတ်ရှိ စစ်ကောင်စီတပ်သားများမှာ ကားဖြင့် စစ်ကိုင်းမြို့တွင်းသို့ ထွက် ပြေးသွားသောကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းမပြုပဲ စခန်းကို ဝင်ရောက်ရှင်းလင်းကာ ပြန်ဆုတ်ခဲ့ ရကြောင်း သိရသည်။

ထိုသို့ ပြန်လည် ဆုတ်ခွာပြီးနောက် စစ်ကိုင်းမြို့တွင်းမှ အင်အားများဖြင့်တင်းကာ လက်နက်ကြီးများ ဖြင့် ရမ်းပစ်ခတ်ပြီး ဝါးချက်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်တပ် ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဝါးချက်ကျေးရွာမှ ကလေးငယ်တစ်ဦးနှင့် ပယ်ငါးဆယ်ကျေး ရွာမှ လူငယ်တစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဘက်က တစ်ချက်မှ မပစ်ခဲ့ရဘူး။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂိတ်ကို သိမ်းပိုက်ပြီး ပြန် ဆုတ်လာခဲ့တာ၊ စကမ တပ်သားတွေက စစ်ကိုင်းမြိုပေါ်ကနေ အင်အားဖြည့်တင်းပြီး ဆုတ်ခွာရာ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာ၊ ဝါးချက်ကျေးရွာက ကလေးငယ် တစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရတယ်။ ပယ်ငါးဆယ်ကျေးရွာက လူလတ်တစ်ဦး ပေါင်ကျည် ထိမှန်ဒဏ် ရာရခဲ့တယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သေနတ်တစ်ချက်မှ ပစ်ဖောက်ရခြင်းမရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများရောက်ရှိလာပါက သတိဖြင့်နေထိုင်ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...