သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၇
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းနှင့် စစ်တပ်အထိုင်ချနေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပကဖ ထံမှ သိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့က ဆားလင်းကြီးမြို့မ ရဲစခန်းနှင့် အကြမ်းဖက်စစ်ာသးများ အထိုင်ချ ထားသည့် နေရာများကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းတွင်းကျရောက်ပေါက်ကွဲပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ အရေအတွက်အတိအကျ သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သတင်းရထား ပါတယ်။ ဗုံးသီး ၃ လုံးချတာမှာ တစ်လုံးက ရဲစခန်းမှာ ပေါက်ကွဲခဲ့တယ်။ နောက်တစ်လုံးက စကစ ဘန်ကာ အနီးမှာ ကျကွဲခဲ့ပါတယ်။” ဟု ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများက ဆားလင်းကြီးမြို့အတွင်း တစ်ပတ် ကင်းထွက်လာခဲ့ကြောင်း၊ မိဘပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကြောင်း၊ စခန်းများ သွားလာ ခြင်းမပြုကြစေလိုကြောင်း အသိပေးထားသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ပြည်သူလူထုအတွက် ထောက်ချောက် တစ်ခုဖြစ်ပြီး လမ်းမှားမရောက်စေရန်အတွက် မိဘပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင် ကွက်ကြပါရန် ဆက်လက်တိုက်တွန်းထားသည်။
Thanlwin Myanmar Media