သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၅
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်အစပ် တိုက်ပွဲအတွင်း သေဆုံးသွားသော ဒုဗိုလ်မှူး ကြီးနှင့် ဗိုလ်ကြီးမင်းထက် အလောင်းအပါအဝင် စစ်သား အလောင်းများကို မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၂၂ ရက်နေ့က ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများက ရွှေဘိုမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေ့ကျင့်ရေး ၈ နှင့် ဘုတ်ကုန်း (ပျူရွာ)သို့ ခိုးကြောင်ခိုးဝှက် ထွက်လာ သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်မှ ဒုဗိုလ်မှူးကြီး အဆင့် နှင့် ဗိုလ်ကြီးတစ်ဦး မင်းထက်အပါအဝင် စစ်သားအများအပြား သေဆုံး ခဲ့ကြောင်း၊ ထို့အပြင် စစ်သား ၂ ဦးကို လည်း အရှင်ဖမ်းမိခဲပြီး အများအပြားဒဏ်ရာရရှိကာ စစ် ကြောင်း တစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။
“၂၃ ရက်နေ့က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာပါ၊ ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။ အဖွဲ့ပေါင်းစုံနဲ့ ရှင်းလင်းရေးလုပ်တာဖြစ်တဲ့အတွက် အချို့သော အ လောင်းတွေက မှတ်တမ်းမရဘူး။ ကျနော်တို့ရှင်းလင်းရေးလုပ်တာကလည်း ကျနော်တို့ရဲ့ နယ်မြေ အတွင်းမှာပဲ ရှင်းလင်းရေးလုပ်လိုက်တာ၊ အခုအလောင်းတွေက ကိုယ့်နယ်မြေအတွင်းမှာပဲရှိတဲ့ အ လောင်းတွေဖြစ်ပါတယ်၊ စခသေစာရင်းက အလွတ်သဘောပြောမယ်ဆိုရင် ၁၀ ဦးလို့လည်း ပြော ရတယ်၊ ၃၀ လို့လည်းပြောရတယ်၊ ၅၀ လို့လည်းပြောရတယ်။ စစ်ကြောင်းပါ ပျက်သွားတာ၊ အရေ အတိအကျပြောမရတာ၊ ကျနော်ရတဲ့အလောင်းတင်မကပဲနဲ့ တခြားနေရာတွေမှာလည်း ရှိနိုင်သေး တယ်၊ အများလုပ်ကြတာဖြစ်တာဖြစ်တဲ့အတွက် တိတိကျကျ မရေတွက်နိုင်ဘူး။ ဗိုလ်ကြီးကတော့ မင်းလို့ခေါ်တယ်၊ ဒုဗိုလ်မှူးကြီးကတော့ နာမည်တော့ မသိဘူး။ အလောင်းကတော့ ကောင်းကောင်း သိတယ်။ အလောင်းအားလုံးကို အင်အားစုတွေပူးပေါင်းပြီး မြေမြှုပ်ပြီးသင်္ဂြိုလ်ပေးလိုက်တာပါ။” ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-3 အမျိုးအစား သေနတ် ၄ လက် ၊ MA-1 အမျိုးအစား သေနတ် ၅ လက်၊ BA-63/ G3 အမျိုးအစား သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (အတို) ၁ လက်၊ MA-5/ ပစ္စတို သေနတ် ၁ လက်၊ MA ကျည်ဘောက် (သံ) ၃ ခု၊ MA ကျည်ဘောက်(ကော်) ၆ ခု၊ BA-63/ G3 ကျည်ဘောက် ၃ ခု၊ MA-5/ ပစ္စတို ကျည်ဘောက် ၁ ခု၊ ရှေ့ထွက်မိုင်း ၄ လုံး၊ နင်းမိုင်း ၂ လုံး၊ 60MM ဗုံးသီး ၄ လုံး၊ RPG ဗုံးသီး ၁ လုံး၊ အီနာဂါ ၂ လုံး၊ ကျည်ကာ ဦးထုပ် ၆ လုံး၊ 5.56 ကျည် ၂၈၆ တောင့်၊ 9mm ကျည် ၇ တောင့်၊ ငွေကျပ် ၅,၂၉၀,၀၀၀ ကျပ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း ၂ ဦးအနက် တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ပေးထားပြီး စစ်ဘက်ဆိုင်ရာ သက်ဆိုရာဌာနတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေး ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ် ရေး အဖွဲ့ (မြို့နယ် ပကဖ) ၊ တိုက်နယ် ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ပကဖများ နှင့် ခင်ဦးမြို့နယ် ပလဖ တို့ ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင် ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media