စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ အထိုင်ချထားသော စစ်တပ်ဂိတ်က ခရီးသွားပြည်သူကား ၁၁ စီး ထက်မနည်းကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ဓားပြတိုက်

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ အထိုင်ချထားသော စစ်တပ်ဂိတ်က ခရီးသွားပြည်သူကား ၁၁ စီး ထက်မနည်းကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ဓားပြတိုက်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ၌ အထိုင်ချထားသော စစ်တပ်ဂိတ်က ခရီးသွားပြည် သူ ကား ၁၁ စီးထက်မနည်းကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ဓားပြတိုက်လု ယက်ခဲ့ကြောင်း ခရီးသွားပြည်သူများထံက သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မန္တလေး -ရွှေဘိုလမ်းပေါ်ရှိ ဆားတောင်ကျေးရွာ၌ အထိုင်ချထားသော တပ်မ ၃၃ လက်အောက်ခံတပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများက ခရီး သည် တင်ကား၊ အိမ်စီးကားများပါ ၁၁ စီးထက်မနည်းကို ရပ်တန့်ခိုင်းပြီး မှတ်ပုံတင်များစစ်ဆေး မည်ဟုဆိုကာ ကားပေါ်ပါပြည်သူအားလုံးကို မှတ်ပုံတင်တစ်ခုတည်းသာကိုင်ခိုင်းပြီးအောက်ဆင်းခိုင်း ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူများအားလုံး ကားပေါ်မှ ဆင်းပြီးနောက် ယာဉ်မောင်းအပါအဝင်ခရီးသည်များအားလုံး ကို မြေပေါ်၌ ဝမ်းလျားမှောက်ခိုင်းကာ သေနတ်ပြောင်းဖြင့်ချိန်ထားပြီး “မော့ကြည့်ပါက ပစ်သတ် မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက် ကာ ကားပေါ်ပါ ပစ္စည်းများကို သိမ်းယူခဲ့ကြောင်း သိရသည်။

“မြေပြင် ကားလမ်းပေါ် ရောက်တာနဲ့ မှတ်ပုံတင်မစစ်ပဲ ကားသမားတွေရော၊ ခရီးသွားတွေရော အားလုံးကို ကားလမ်းပေါ်မှာ ဝမ်းလျှားမှောက်ခိုင်းထားတယ်၊ သေနတ်ကို ခရီးသွားပြည်သူတွေရဲ့ ဦးခေါင်းနောက်စေတွေက ချိန်ထားပြီးတော့ “မလှုပ်နဲ့ ခေါင်းမမောနဲ့၊ မော့တာနဲ့ ပစ်သတ်မယ်” ဆို လို့ ခေါင်းငုံ့နေခဲ့ရတာ၊ ချက်ချင်းဆိုသလိုပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေ မနားတမ်းမိုးပေါ် ထောင်ပစ်ပြီးတော့ ကားပေါ်တက် ခရီးသည်တွေရဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေရှာဖွေယူသွားတာ၊” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဓားပြတိုက်ခံရမှုကြောင့် ကား ၁၁ စီးထံမှ ငွေကျပ် သိန်း ၂၀၀ ခန့်၊ ဖုန်း ၁၀ လုံးထက်မနည်း အပြင် ကားပိုင်ရှင်မှတ်တမ်းစာအုပ် (Owner Book) ၊ ယာဉ်မောင်းလိုင်စင်တို့ပါသွားကြောင်း သိရ သည်။

“ကျနော်စီးတဲ့ကားက ဟန်းဖန်း ၄ လုံး ၊နောက်တစ်စီးမှာက မန္တလေးမှာ ဆေးကုသဖို့ ငွေသား သိန်း ၃၀၊ နောက်အိမ်စီးကားတစီးက သိန်း ၅၀ နဲ့ ဟန်းဖုန်း ၄ လုံး မြစ်ကြီးနားအိမ်းစီးကားတစ်စီးက ဟန်း ဖုန်း ၁ လုံးနဲ့ သိန်းတစ်ရာကျပ်အပြင် အုံနာဘုတ်၊ ယာဥ်မောင်းလိုင်စင်အပါ စကစကနေ အကုန်ယူ ထားလိုက်တာ၊ ပြီးမှ “မင်းတို့အတွက် အန္တရာယ်ရှိ၊ မြန်မြန်သွားပါ” လို့ ပြောပြီး လွှတ်ပေးလိုက်တာ။ သူတို့နဲ့ မနီးမဝေးတနေရာရောက်မှ ဘယ်ကားက ဘယ်လောက်ပါတယ်ဆိုတာ သိကြရတာ၊ ပါတာ က မနည်းဘူး”ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်မြို့တွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက် အောက်ခံ ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်

ပြည်မြို့တွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက် အောက်ခံ ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၂၄ ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အထက ၄ ကျောင်းအနီးရှိ မီးသတ်တပ်ဖွဲ့စခန်းတွင် အ သက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက်အောက်ခံ ရာအိမ် မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ စက်တင်ဘာလ ၂၀ ရက် မွန်းတည့်...