ခင်ဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် အများအပြား သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ခင်ဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် အများအပြား သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး အဆင့် ရှိသူ အပါအဝင်အများအပြား သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖက ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ခင်ဦးမြို့ရှိ စစ်ကောင်စီ တပ်စခန်းမှ ရွှေဘိုလေ့ကျင့်ရေး ၈နှင့် ဘုတ်ကုန်း (ပျူရွာ)သို့ ခိုးကြောင်ခိုးဝှက် ထွက်သွားသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးကြီး အဆင့်နှင့် သုံးပွင့်ဗိုလ်၊ တပ်ကြပ်များအပါအဝင် စစ်သား အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိခိုက်သူများလည်း အများအပြားရှိပြီး တပ်ပျက်သွားကာ စစ်သုံ့ပန်း ၂ ဦး နှင့်အတူ လက် နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ MA-3 အမျိုးအစား သေနတ် ၄ လက်၊ MA-1 အမျိုး အစား သေနတ် ၅ လက်၊ BA-63/ G3 အမျိုးအစား သေနတ် ၁ လက်၊ ကာဘိုင် အမျိုးအစား သေနတ် ၁ လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည် ဘောက် (သံ) (၃) ခု၊ MA ကျည်ဘောက်(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃)ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁)ခု၊ ရှေ့ထွက်မိုင်း (၄)လုံး၊ နင်းမိုင်း (၂)လုံး၊ 60MM ဗုံးသီး (၄)လုံး၊ RPG ဗုံးသီး (၁)လုံး၊ အီနာဂါ (၂)လုံး၊ ကျည်ကာ ဦးထုပ် (၆)လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်၊ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း ၊ အမှတ် (၃) တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖများ နှင့် ခင်ဦးမြို့နယ် ပလဖ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ရွှေဘို- လေ့ကျင့်ရေး (၈) တပ်နှင့် ဘုတ်ကုန်း (ပျူရွာ)မှ ခင်ဦးမြို့နယ်တွင်းသို့ ဝင်ရောက်လာစဉ် တော်လှန်ရေး အင်အားစုများ၏ (ပထမ အကြိမ်) တိုက်ခိုက်ခဲ့ရာ စစ်ကြောင်း တပ်ပျက်သွားပြီး ရွှေဘို လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ) သို့ ကစဥ့်ကလျားဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရွှေဘို လေ့ကျင့်ရေး (၈) တပ်နှင့် ဘုတ်ကုန်း (ပျူရွာ) မှ အ ကြမ်းဖက်စစ်သားများသည် ခင်ဦးမြို့တွင်းသို့ တိတ်တဆိတ်ဝင်ရောက်သွားခြင်းဖြစ်ပြီး စက်တင် ဘာလ ၂၁ ရက်နေ့ ညပိုင်းကလည်း ခင်ဦးမြို့ပေါ်မှ ရွှေဘို လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ) သို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုကြောင့် ယနေ့ စက်တင်ဘာလ ၂၂ ရက် နံနက် ၇ နာရီခန့်တွင် ခင်ဦး – ရွှေဘို နယ်စပ်တနေရာ၌ ကြားဖြတ်ပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွန်းတည့် ၁၂ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအင်အားမှာ ၉၀ ဦးခန့်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...