ဝန်းသိုမြို့နယ်၊ ထောက်ကြန့်တောရွာ၌ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့် သေဆုံး စစ်သုံ့ ပန်း ၅ ဦးနှင့်အတူ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ဝန်းသိုမြို့နယ်၊ ထောက်ကြန့်တောရွာ၌ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့် သေဆုံး စစ်သုံ့ ပန်း ၅ ဦးနှင့်အတူ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၂

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ထောက်ကြန့်တောရွာ၌ ၃ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စက်တင်ဘာလ ၁ ရက်နေ့က ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းတို့မှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဝန်းသိုမြို့အရှေ့ဘက် ထောက်ကြန့်တောကျေးရွာအရောက် တော်လှန်ရေးတပ်ဖွဲ့များ က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၃ ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်သား ၃၀ ဝန်းကျင်သေဆုံးကာ စစ်သုံ့ပန်း ၅ ဦးနှင့်အတူ လက်နက်ခဲယမ်း အချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဝန်းသိုအထိုင်တပ်ကနေ ဝန်းသိုအရှေ့ဘက်ထောက်ကြန့်တောရွာကို စစ်ကြောင်းထိုး လာတဲ့အချိန် ဝန်သိုနယ်မြေခံအင်အားစုတွေနဲ့ ကောလင်းနယ်မြေခံအင်အားစုအဖွဲ့တွေ ပေါင်းပြီး တိုက်ခိုက်တာ၊ ၃ ရက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်။ စစ်သား ၃၀ ဝန်းကျင်သေတယ်၊ စစ်သုံ့ပန်း ၅ ဦးနဲ့ လက်နက် အချို့သိမ်းဆည်းရရှိခဲ့တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၄ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ အသက် အန္တရာယ်မစိုးရိမ်ရဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင်တပ်ရင်း ၁ နှင့် ကောလင်းခရိုင်တပ်ရင်း ၄ တပ်ဖွဲ့ဝင်များ၊ ဝန်း သိုမြို့နယ် အခြေစိုက် တော်လှန်ရေးအင်အားစုများနှင့် ကောလင်းမြို့နယ်အခြေခံတော်လှန်ရေးအင် အားစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောများဖြင့် ဧရာဝတီမြစ်...