ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း SNA ဗိုလ်တစ်အပါအဝင် စစ်သားအလောင်း ၇ လောင်းနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်ကူကား တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံး

ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း SNA ဗိုလ်တစ်အပါအဝင် စစ်သားအလောင်း ၇ လောင်းနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်ကူကား တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၂

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း SNA ဗိုလ်တစ်အပါအဝင် စစ်သား အလောင်း ၇ လောင်းနှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကူကား တစ်စီးကိုလည်း မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ဗန်းမောက်မြို့ရှိ အကြမ်းဖက်စစ်တပ်လောက်အောက်ခံ SNA တပ် မှ ဗျူဟာမှူး ဦးရည်ထွန်း ဦးစီးသည့် SNA တပ်မဟာ ၆၁၄၊ ၉၇၂ ၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ခန့် အခြေချနေထိုင်သော မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂ လိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင် သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက် မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ) တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် ၁ စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်း မောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ် ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက် နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ် ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြို့သို့ စစ်ကူလာသော ကား (၁) စီးပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး ကားအား မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့သိမ်း တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များဖြင့် (၁၀) ကြိမ် ဗုံးကြဲ တိုက်ခိုက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲအတွင်း SNA တပ်မှ ဗိုလ်တစ်ဦးပါအဝင် စစ်သား အလောင်း ၇ လောင်းနှင့်အတူ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက် ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့သိမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်၌ စစ်သားများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာ ကုန်း ရွာတို့တွင် ကာကင်းထိုင်ထား၍ အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာ နှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

Thanlwin Myanamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...