သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၁
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်း အ မြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် ညနေ ၆ နာရီ ၄၀ မိနစ်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အ စပ်ရှိ ဗန်းမောက်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ ခြင်း ဖြစ်ပြီး စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်းရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့်ဗန်းမောက်မြို့တွင်း နေရာ များကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်နယ်မြေရှင်းလင်းနေကြောင်း သိရသည်။
ဗန်းမောက်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် အတူ ရှမ်းနီ SNA လက်နက်ကိုင် တပ် ဖွဲ့တို့က ထိန်းချုပ်ထားခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုး စစ် ဆင်တိုက်ခိုက်ခဲ့ရာ ၆ ရက်အကြာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကချင်လွတ်မြောက် ရေးတပ်မတော် KIA ၊ တပ်မဟာ ၈ ၊အမှတ် ၃၅ တပ် ရင်း တပ်ဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်း ပိုက် ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media