သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၁
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာစခန်းအနီး၌ ရိက္ခာရှာရန် ထွက်လာသော ပျူစစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦး ကို လက်နက်တစ်လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း အမှတ် ၁ စစ် ဒေသ က ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၇ ရက်က ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး၌ အောင်ချမ်းသာ(ပျူ)ရွာ စခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာမှ ရိက္ခာရှာထွက်လာသော အင်အား ၄၀ ခန့်ပါ ပျူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး အရှင်ဖမ်းမိခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖမ်းဆီးရရှိသော ပျူထံမှ BA-63 အမျိုးအစား သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခု၊ 7.62 ကျည် (၂၅) တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် အမှတ် (၅) တပ်ရင်း၏ တပ်ရင်းမှူး ညွှန်ကြားမှုဖြင့် ကလေး ခရိုင် အမှတ် (၅၊ ၉) နှင့် ကလေးဝမြို့နယ် ပကဖ တို့ ပူးပေါင်းတိုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media