သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာမှ မင်းကွန်းဘက်သို့ ဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရ သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က ဗန်းမော်မြို့မှ ပြန်ဆင်းလာသော စစ်သင်္ဘောများသည် မတ္တရာ မြို့နယ်၊ မိုးကြိုးကျေးရွာသို့ ကပ်ကာ စဉ့်ကိုင်ကျေးရွာဘက်သို့ ခြေလျင်ကူးလာခဲ့ကြောင်း၊ ထို့နောက် မင်းကွန်းဘက်သို့ ခြေလျင် ဆက်လက်ကူးလာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ယင်းသေဆုံးစစ်သားအလောင်းကို မရမက ပြန်လည် ကောက်ယူကာ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာဘက်သို့ စက်လှေများဖြင့်ကူးပြေးသွား ကြောင်း သိရသည်။
“သူတို့က ဗန်းမော်ကနေ သင်္ဘောနဲ့ပြန်လာပြီးတော့ မိုးကြိုးဆိုတဲ့ရွာကပ်ပြီးတော့ စဉ့်ကိုင်ရွာဘက်ကို ခြေလျင်ကူးလိုက်တယ်။ အဲဒီကနေ မင်းကွန်းဘက်ကို အင်အား ၁၀၀ ကျော်နဲ့ဆုတ်လာခဲ့အချိန်၊ စက် လှေတွေက ရေထဲကနေ သူတို့နောက်ကို ကပ်လိုက်လာပြီးတော့ တစ်ရွာဝင်တစ်ရွာထွက် ပြည်သူပိုင် ပစ္စည်းတွေ ဝင်သယ်တာ၊ သယ်ပြီးတော့ စက်လှေပေါ်တင်၊ အရှေ့ဘက်ကမ်းပို့တာ၊ လူတွေက ခြေ လျင် တစ်ရွာဝင်၊ တစ်ရွာထွက် စစ်ကြောင်းထိုး၊ စက်လှေတွေက သူတို့တင်ပေးတဲ့ပစ္စည်းတွေ တင်ပြီး အရှေ့ဘက်ကမ်းပို့နဲ့ သွားလာတဲ့အချိန်မှာ ကျနော်တို့က နောက်ကနေလိုက်ပြီးတော့ ဆော်ခဲ့တာ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ဗန်းမော်မြို့မှ ဆင်းလာပြီး သုံးဆယ်ပေးကျေးရွာ၌ ကပ်ထားသော စစ်သင်္ဘော ပေါ်မှ ပွိင့် ၈ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်တပ်စစ်စစ်ကြောင်းမှာ တပ်မ ၇၇ မှ စစ်သားများဖြစ်ပြီး ယူနီကွန်းပြောက် ကျား တပ်ဖွဲ့မှ ရဲဘော်များက လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လိုက်လံတိုက်ခိုက်မှု အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media