ရေဦးမြို့ တိုင်းရင်းဆေးရုံနှင့် ကြာဖူးအဝိုင်းမြို့အဝင်ဂိတ်၌ တပ်စွဲထားသော စစ်သားများကို လက် နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်ကား တစ်စီး ပျက်စီး

ရေဦးမြို့ တိုင်းရင်းဆေးရုံနှင့် ကြာဖူးအဝိုင်းမြို့အဝင်ဂိတ်၌ တပ်စွဲထားသော စစ်သားများကို လက် နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်ကား တစ်စီး ပျက်စီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦးမြို့တိုင်းရင်းဆေးရုံနှင့် ကြာဖူးအဝိုင်း မြို့အဝင်ဂိတ်၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီး ပျက်စီး ခဲ့ကြောင်း Wolf Guerrilla LDF Ye U Air Force အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက် ည ၈ နာရီ ၃၀ မိနစ်က ရေဦးမြို့အတွင်းရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်တိုက်နှင့် ပေ ၃၀ ခန့်အကွာအဝေး၌ ရပ်ထားသော သံပြားကာ စစ်ကားတစ်စီးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကားပျက်စီးသွားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၉ ရက် ည ၈ နာရီ မိနစ် ၄၀ အချိန်တွင်လည်း ရေဦးမြို့ ၊ ကြာ‌ဖူးအဝိုင်းမြို့ အ၀င်ဂိတ်ကို ဗိုလ်ရုပ်ကဆိုး၏ ညွှန်ကြားမှုဖြင့် လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၁ မမ လက်နက်ကြီး ၃ လုံး ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LDF Ye.U Air Force အဖွဲ့ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီး

ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း Yenanthar Column ထံမှ သိရ သည်။ အောက်တိုဘာလ ၂၅...