သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ထောက်ပို့ပစ္စည်းများကို လာရောက်ကောက်ယူသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အဖြူရောင် ဒီပဲယင်းပကဖ ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က မိတ္ထီလာမြို့၊ ရှမ်းတဲလေတပ်မှ တက် လာသည့် Y-8 ထောက်ပို့လေယာဉ်ဖြင့် ဒီပဲယင်းမြို့ပေါ်ရှိ စစ်သားများထံသို့ ၁၁ ကြိမ်မြောက်အထိ ပျံဝဲကာ ရိက္ခာအထုပ် ၃၇ ထုတ်ချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ချပေးသည့် ရိက္ခာထုပ်များကို ကောက်ယူရန်အတွက် ညနေ ၅ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထွက်လာခဲ့သောကြောင့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံး ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က Y-8 လေယာဉ်ဖြင့် ချပေးသော ခဲယမ်း၊ ရိက္ခာထုပ်များကို လည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းတိုက်နယ် ၁ လှုပ်ရှားအဖွဲ့များဖြစ်ကြသော အဖြူရောင် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ၊ ပေါင်ချိန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ A2K ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဂျိမ်းစဘွန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
Thanlwin Myanmar Media