သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်သား၊ ပျူများကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၇ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၈ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က ကန့်ဘလူမြို့နယ် ဝက်တိုးကျေးရွာမှ ကာ ဘိုးကျေးရွာဘက်သို့ လှည့်ကင်းထွက်လာသော စစ်သား၊ ပျူ ၁၇ ဦးခန့်အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဝက်တိုးကျေးရွာနှင့် ကာဘိုးကျေးရွာကြားတနေရာမှ ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား၊ ပျူ ၇ ဦး သေဆုံးပြီး ကာဗိုင်အမျိုးအစား သေနတ် ၂ လက် MA 1 အမျိုးအစား သေနတ် ၁ ၊ လက် G 3 အမျိုးအစား သေနတ် ၁ လက် နှင့် ပြောင်းချော သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ)၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) နှင့် တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media