သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၅
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး မီး လောင်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီခန့်က ပုလဲမြို့နယ်၊ တနယ်ကျေးရွာအတွင်းသို့ အကြမ်း ဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော FCT 2000 G ဂျက်ဖိုက်တာ လေယာဉ်တစ် စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးမီးလောင် ပျက်စီးခဲ့ပြီး အိမ်ရှင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးကာ အိမ်မွေးနွား ၄ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မရှိပဲနဲ့ ကျဲချသွားတာ၊ ပေါင် ၅၀၀ ဗုံးနဲ့၊ နေအိမ်ပေါ်တည့်တည့်ကျပြီး နေအိမ်မီး လောင်ပျက်စီးတယ်။ အိမ်ရှင်အမျိုးသားတစ်ယောက်၊ အမျိုးသမီး တစ်ယောက်သေတယ်။ နွား ၄ ကောင်လည်းသေတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘတ်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က မြောင်မြို့နယ်၊ နဘတ်ကျေးရွာအတွင်းသို့ ရေစ ကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်ခဲ့ ရာ နဘတ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေပြည်သူ ၄ ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။
“ရေစကြိုမြို့ပေါ်ကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ၂ လုံးပစ်ခတ်တာ၊ တစ်လုံးက ဘုရင်ဂျီ ချက် ကျောင်းဘက်ကျတယ်။ အသေအပျောက်တော့မရှိပါဘူး။ ဒဏ်ရာရအနည်းငယ်စီပဲရတာ၊ လက် နက်ကြီးအစ စင်တာ၊ စုစုပေါင်း ၄ ယောက်ဒဏ်ရာရတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
Photo – ပုလဲမြို့နယ်၊ တနယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ
Thanlwin Myanmar Media