မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက်မှ မဖောက်ရပဲ သိမ်းပိုက်ရရှိ (ရုပ်သံ)

မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက်မှ မဖောက်ရပဲ သိမ်းပိုက်ရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက်မှ မဖောက်ရပဲ သိမ်းပိုက်ရရှိခဲ့ကြောင်းဒေသ တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တောင်းအင်းစစ်တပ်စခန်းကို ထွက်ပေါက်ပေးပြီး ဝိုင်းဝန်းပိတ် ဆို့ထားရာ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းက စစ်သား၊ ပျူစောထီးများအားလုံးစခန်းစွန့်ခွာထွက် ပြေးသွားသဖြင့် သေနတ်တစ်ချက်မှ ပစ်ဖောက်ရခြင်းမရှိပဲ စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထော်သာစခန်းသိမ်းပြီးကတည်းက တောင်းအင်ကို ထွက်ပေါက်တစ်ခုပဲ ပေးထားပြီး ပတ်ချာလည် ဝိုင်းဝန်းပိတ်ဆို့ထားတာ၊ ပိတ်ဆို့ထားတော့ မတိုက်လိုက်ရဘူး။ ၁ ရက်နေ့က ညကပဲ စခန်းစွန့် ထွက် ပြေးသွားကြတာ၊ ထွက်ပြေးသွားတာဆိုတော့ လက်နက်ပစ္စည်းတွေ မရလိုက်ဘူးထင်၊ ရ၊ မရ တော့ အခုထိ မသိရသေးဘူး” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

တောင်းအင်းကျေးရွာမှ ဆုတ်ခွာသွားသော စစ်သား၊ ပျူစောထီးများ အော် – နားပင်ကျေးရွာအုပ်စု လမ်းပိုင်းမှ ကင်းတပ်ရွာသို့ လည်းကောင်း၊ တောင်တွင်းရွာ ချောင်းဖျားဖက်ရှိ လောင်းကောင်းစစ် စခန်း ကိုလည်းကောင်း၊ တောင်တွင်းရွာ၊ ညောင်သပြေရွာ၊ ညောင်ဝန်းရွာ ဗျူဟာလမ်းခွဲ အတိုင်း ချင်း တွင်းမြစ်ကို ဖြတ်ကာ မော်လိုက်မြို့ပေါ်ရှိ ခမရ ၃၆၄ ၊ ၃၆၅ ၊ ၃၆၆ တပ်ရင်းများထံသို့လည်း ကောင်း သွားရောက်ပူးပေါင်းနိုင်ကြောင်း သိရသည်။

“ညကြီးဆုတ်သွားတာဆိုတော့ ဘယ်သွားပေါင်းလည်းမသိဘူး။ ပေါင်းရမယ့် လမ်းကြောင်းကတော့ ၃ ကြောင်းရှိတယ်။ လမ်းကြောင်း ၁ က အော်အုပ်စုနဲ့ နားပင်ကျေးရွာအုပ်စု လမ်းပိုင်းကနေ ဖွတ်မျိုး ပေါတဲ့ ကင်းတပ်ရွာကို သွားပေါင်းနိုင်တယ်၊ လမ်းကြောင်း ၂ ကတော့ တောင်တွင်းရွာ ချောင်းဖျား ဖက်ကနေ လောင်းကောင်းစခစခန်းကို သွားပေါင်းနိုင်တယ်၊ လမ်းကြောင်း ၃ ကတော့ တောင်တွင်း ရွာ၊ ညောင်သပြေရွာ၊ ညောင်ဝန်းရွာ ဗျူဟာလမ်းခွဲအတိုင်း ချင်းတွင်းမြစ်ကို ဖြတ်ပြီး မော်လိုက်မြို့ ပေါ်က ၃၆၄၊ ၃၆၅ ၊ ၃၆၆ တပ်တွေကို သွားပေါင်းနိုင်တယ်၊ ကျနော်ထင်ထားတာတော့ လမ်းကြောင်း ၃ ဖြစ်နိုင်ခြေ များတယ်၊ ခရီးတိုတယ်၊ ကားလမ်းပွင့်တယ်၊ အဲလမ်းက” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သော ထော်သာစခန်းတွင် ပျူစောထီးခေါင်း ဆောင်အပါအဝင် စစ်သား၊ ပျူ၊ မိသားစုဝင်စုစုပေါင်း ၁၉၀ ကျော်ဖမ်းမိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်သင်္ဘောများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်သံ)

မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်သင်္ဘောများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၃၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ် သင်္ဘောများကို မိုင်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Heart Army- B.H.A တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်က...