မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်သင်္ဘောများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်သံ)

မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်သင်္ဘောများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ် သင်္ဘောများကို မိုင်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Heart Army- B.H.A တပ်ဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီ များ တင်ရန်အတွက် ချင်းတွင်းမြစ်‌ကြောင်း အတိုင်း အထက်သို့ ဆန်တတ်လာသောစစ်သင်္ဘော ၂ စီး တွဲတွန်း သင်္ဘော ၈ စီးပါ ရေယာဉ်တန်းကို မုံရွာမြို့နယ် ချင်းတွင်းမြစ်‌ကြောင်း တစ်နေရာ၌ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၅ လုံးပွိုင့် ၂ ပွိုင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ် များဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နှင့် Brave Heart Army – (B.H.A) တပ်ဖွဲ့ တို့ ပူး‌ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး ရဲဘော်များ အနေဖြင့် အချင်းချင်း ဖေးမကူညီပေးကြရန်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ညီညီညွတ်ညွတ် ပူးပေါင်းကာ ဖက်ဆစ် မိစ္ဆာများကို အတူ တကွ တိုက်ထုတ်ပေးကြပါရန် BHA တပ်ဖွဲ့က တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၃ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၃ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၃၁ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Black Eagle Defence Force - MMU တပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့...