သံလွင်မြန်မာသတင်း
ဩဂုတ်လ ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ်လက်နက်ကြီးများ ဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦးအပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ယမ်းသိုလှောင်ရုံမီးလောင်ပျက် စီးခဲ့ကြောင်း Chindwin Rocket Brothers”-CRB တပ်ဖွဲ့မှထံမှ သိရသည်။
ဇူလိုင်လ ၂၉ ရက်နေ့က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၇ ကြိမ်မြောက် အဖြစ် ရော့ကတ်လက်နက်ကြီး ၁၀ လုံး၊ ဩဂုတ်လ ၂၆ ရက်နေ့က ၈ ကြိမ်မြောက်အဖြစ် ရော့ကတ် လက်နက်ကြီး ၁၀ လုံးတို့ကို အသုံးပြု၍ ပြည်သူ့ကာကွယ်ရေး တပ်မတော် မုံရွာခရိုင် ကွပ်ကဲရေးမှု ၏ စီစဉ်ညွန့်ကြားမှုဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့တပ်ဖွဲ့အနေနဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ၇ ကြိမ်မြောက်ပစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ သတင်းမထုတ်ခဲ့ပါဘူး။ အခု ၈ လပိုင်း ၂၆ ရက်နေ့မှာ ၈ ကြိမ်မြောက်ထပ်ပစ်ခဲ့ပါတယ်။ တစ်ကြိမ် ပစ်ရင် ၁၀ လုံးနှုန်းနဲ့ပါ၊ စုစုပေါင်း အလု့ဂ ၂၀ ပစ်ခဲ့တာပါ” ဟု Chindwin Rocket Brothers”-CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်တိုင်းရုံးမှ အရာရှိ ၃ ဦး ၊ အခြား အ ဆင့် စစ်သည် ၅ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ အပြင်းအထန်ဒဏ်ရာရ စစ်သည် ၇ ဦး ကို တပ်မတော် စစ်ဆေးရုံခွဲ- တဆ (ခွဲ) ၄/ ၃၀၀ တပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ကြောင်း၊ ထို့အပြင် နမခ စစ် တိုင်းရုံး အတွင်းရှိ ယမ်းသို လှောင်ရုံ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) ဦး ဆောင်၍ မဟာမိတ်အဖွဲ့များဖြစ်သော ချိုမိုင်မိုင်(ကနီ)၊Anonymous Heroes၊Bandula Defense Force၊Budalin Defense Force၊Federal Democratic Force၊Chindwin Brothers ၊ အုပ်ကြီးနှင့် အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
Thanlwin Myanmar Media