မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၃ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၃ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Black Eagle Defence Force – MMU တပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၃၀ ရက် နံနက် ၆ နာရီခန့်က မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မြောင် လမ်းခွဲ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား ၂၅ ခန့်ပါ စစ်ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များက မုံရွာ -မန္တလေးလမ်းပိုင်းတနေရာမှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦး ၁၃ ဦး သေဆုံးပြီး ရှေ့မှ ထွက်လာသောကားမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရရှိပြီး မသေသေးသော စစ်သား ၃ ဦးက ပြန်လည် ခုခံ တိုက်ခိုက်နေသောကြောင့်လည်းကောင်း၊ မြင်းမူမြို့မှ စစ်ကား ၂ စီးဖြင့် စစ်ကူရောက်ရှိလာသော ကြောင့် လည်းကောင်း MA-11 အမျိုးအစား သေနတ် ၂ လက် နှင့် ကျည်ဘောက် ၁ ခု ၊ အီနာဂါ ဗုံး ၁ လုံးတို့ ကိုသာ ကောက်ယူ သိမ်းဆည်းနိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို မြင်းမူမြို့နယ် ပ.က.ဖ တပ်ဖွဲ့ ဦးဆောင်၍ Black Eagle Defence Force (MMU) ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) တပ်ခွဲ (၂) ၊ အလ္လကပ္ပတိုက်နယ်တပ်ဖွဲ့၊ တောချောင်းဦး တိုက်နယ်တပ်ဖွဲ့နှင့် မြင်းမူမြို့နယ်ပ.လ.ဖ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး ခြေထောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ရောက်ရှိနေသော စစ်တပ်အတွင်း မူးယစ်ဆေးဝါးတရားဝင် ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုအောင်ကျော်က ဝန်ခံထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ်တွင် တံတားပြင်ဆင်နေသည့် စစ်ကြောင်းထဲမှ စစ် မှု ထမ်းတပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားအလစ်တွင် လက်နက်မဲ့ထွက်ပြေးလာပြီး...