သံလွင်မြန်မာသတင်း
ဩဂုတ်လ ၃၀
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာရွာ ပျူစခန်းအတွင်းနေထိုင်ရစဉ် အစာအဟာရ ပြတ်လပ် ပြီး ဝဝတုတ်တုတ်ကလေးများပင် ခေါင်းပဲ ကျန်ရှိခဲ့ကြောင်း တသချစ်ဦးမောင်က ဝန်ခံထွက်ဆိုထား သည်။
ဩဂုတ်လ ၁၅ ရက်နေ့က မော်လိုက်မြို့နယ်၊ ထော်သာရွာ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တသချစ်ဦးမောင်အပါအဝင် မိသားစုဝင် ၁၀၀ ဦးကျော်ကို ဖမ်းဆီးရရှိ ခဲ့ပြီး ယင်းစခန်းအတွင်းနေထိုင်ခဲ့ရမှုနှင့်ပတ်သက်၍ ဝန်ခံထွက်ဆိုရာတွင် ထည့်သွင်းပြောဆိုထား ခြင်းဖြစ်သည်။
“ထော်သာစခန်းကုန်းမှာ ဆားစပြီးပြတ်ခဲ့ပါတယ်။ ဆား၊ ငပိစပြတ်ခဲ့ပါတယ်။ ကျနော်တို့ဆိုရင် နေစရာမရှိ၊ စားစရာမရှိ အဖြစ်မျိုးတွေလည်း ကြုံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ငတ်မွတ်ခေါင်း ပါးခဲ့ပါတယ်။ ကျနော်ပြောချင်တာတော့ တပ်မတော်သားတွေက တကယ်အာဏာဆန်ကြပါတယ်။ တကယ် အာဏာရှင်စနစ်တွေပါ။ ကျနော်တို့ကို နှစ်နဲ့ချီပြီးတော့ ဆီ၊ ဆား၊ ငပိပြတ်အောင်ပစ်ထား တယ်၊ ကျနော်တို့မှာ စားခဲ့ရတာဆိုရင်လည်း မျှစ်ပြုတ်တွေ၊ အရွက်ပြုတ်တွေ၊ ရုံးပတီသီးပြုတ်တွေနဲ့ စားခဲ့ရပါတယ်။ တချို့ရက်တွေများဆိုရင် ထမင်းရည်ခေါက်ပြီးသောက်ခဲ့ရပါတယ်။ ကလေးတွေ ဆို ရင် နဂိုက ဝဝဖီးဖီးရှိတဲ့ ကလေးတွေဆိုရင်လည်း ခေါင်းတွေပဲ ကျန်ပါတော့တယ်။ အခုထိန်း သိမ်းခံ ရပြီးမှ ပြည့်ပြည့်ဝဝပြန်ဖြစ်လာတာပါ။”ဟု တသချစ်ဦးမောင်က ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ညီရင်းအစ်ကိုပမာဆက်ဆံပြီး လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း၊ စစ်ကောင်စီက ၎င်းတို့ သတ်ဖြတ်ရန်လိုက်လံ ရှာဖွေခဲ့ကြောင်း ဆက်လက်ပြောဆိုထားသည်။
“ကျနော်တို့ဖမ်းဆီးထားတဲ့မိသားစု ၁၀၀ ကျော်လုံးကိုလည်း တပ်မတော်ကနေပြီးတော့ ကျနော်တို့ ကို သတ်ဖို့ရှာပါတယ်။ ကျနော်တို့ကို သတ်ပစ်ပြီးပြီလို့လည်း ပြည်သူတွေကို သွေးထိုးခဲ့ပါတယ်။ လှုံ ဆော်ခဲ့ပါတယ်။ အမှန်တကယ်တော့ ကျနော်တို့ ပြည်သူတွေ၊ မိန်းမ၊ ယောက်ျား၊ ကလေးအားလုံး ရှိပါတယ်။ ဒီမှာပဲ တနေရာတည်းမှာ ထိန်းသိမ်းခြင်းခံထားရတာပါ။ ကျနော်တို့ကို သတ်လည်း မသတ်ပါဘူး။ ရန်လည်းမရှာပါဘူး။ ညီအစ်ကိုရင်းသဖွယ်စောင့်ရှောက်ထားပါတယ်။ ကျနော်မှာချင် တာကတော့ လက်နက်ချပြီးအားလုံးလာရောက်ပူးပေါင်းစေချင်ပါတယ်။” ဟု တသချစ်ဦးမောင်က ပြောဆိုထားသည်။
Thanlwin Myanmar Media