ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၁၃ ရက်အတွင်း ပြည်သူ ၂၀ ခန့်ကို သတ်ဖြတ်ထားပြီး နေအိမ် အလုံး ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၁၃ ရက်အတွင်း ပြည်သူ ၂၀ ခန့်ကို သတ်ဖြတ်ထားပြီး နေအိမ် အလုံး ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၁၃ ရက်အတွင်း ပြည်သူ ၂၀ ခန့်ကို သတ်ဖြတ်ထားပြီး နေအိမ် အလုံး ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားကြောင်း ကျွန်းလှ တက်ကြွလှုပ် ရှားသူများအဖွဲ့ထံမှ ရသည်။

ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကန့်ဘလူမြို့နယ်၊ ကျီကျင်းရွာသို့ စစ်ကြောင်းထိုးဝင် ရောက်ခဲ့သော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ကျီကျင်းရွာ အား ၄ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးပြီး ရွာထဲပိတ်မိသည့် ပြည်သူ ၄၀ ကျော်အား ဖမ်းဆီးထားကာ အမျိုးသား ၈ ဦးထက်မနည်းကို သတ်ဖြတ်ထားကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူ များထံက သိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့က ကန့်ဘလူးမြို့နယ်၊ ဘူးကုန်းရွာမှတဆင့် ကျီကျင်းရွာဘက်သို့ စစ်‌ကြောင်း ထိုး ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်သား၊ ပျူစောထီးပါ စစ်ကြောင်းသည် ကျေးရွာအတွင်း ပိတ်မိ နေသော ပြည်သူ ၄၀ ဦးထက်မနည်း ကို ဖမ်းဆီးကာ ပြည်သူ ၈ ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ ကြောင်း ၊ ထို့အပြင် ရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းက ၂၃ ရက်နေ့ဝင်တယ်၊ ရွာထဲက လူတော်တော်များများ မထွက်ကြဘူး ကျနော်တို့ ရော ပေါ့၊ ရွာထဲစစ်ကြောင်းရောက်တော့ မထွက်တဲ့ ရွာသားတွေ အကုန်ဖမ်းတာ၊သူတို့ဖမ်းတော့ လန့်ပြီး ထွက်‌ ပြေးတဲ့သူတွေဆို ပစ်သတ်တာ၊ ရွာထဲမှာ ပ-စ်သတ်ထားတာ ၆ ယောက် လောက်ရှိတယ်၊ ရွာ ထဲမှာတော့ ကျွန်တော်မြင်ခဲ့သလောက်ပဲ အဲ့ထက်လဲပိုနိုင်တယ်၊ ရွာကို ၂၃-၂၅ ရက်ထိ ဆက်တိုက်မီး-ရှို့ တာ မီးလောင်အိမ်တွေလဲ အတော်များတယ်၊ကျွန်တော်က ၂၅ ရက်နေ့မှ ရွာထဲကထွက်ပြေးခဲ့ တာ။ ပုန်းနေရာကထွက်ပြေးရင်း ကတ္တရာလမ်းပေါ်မှာ ပစ်သတ်ထားတဲ့ ကားသမား ၂ ယောက် အ လောင်းလဲ ထပ်တွေ့ခဲ့တယ်၊ ကံကောင်းလို့ လွတ်ခဲ့တာ ” ဟု ထွက်ပြေးလွတ်‌ မြောက်လာသူ ကျီကျင်းရွာသားတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် သြဂုတ်လ ၂၆ ရက် နေ့တွင်လည်း ကျီကျင်းရွာအား ထပ်မံမီးရှို့ဖျက်ဆီးသည့်အပြင် ကျီကျင်းရွာရှိ ကျောင်းထိုင်ဆရာ တော် ဦးကောဝိဒထံမှ ဝတ္ထု​ငွေ သိန်း (၈၀) ကို လုယက်၍ ဆရာတော်အား ရွာပြင်နှင်ထုတ်လိုက်​​​ကြောင်းသိရသည်။

သြဂုတ်လ ၁၆ ရက်မှ ၂၈ ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ဗျူဟာလမ်းအနောက်ဘက် နှင့် အရှေ့ဘက်ခြမ်းတို့အား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်သား၊ ပျူစောထီး စုစုပေါင်း အင် အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် (၁၃) ရက်အတွင်း အပြစ်မဲ့ပြည်သူ ၂၀ ဦးခန့် သတ် ဖြတ်ထားပြီး ပြည်သူပိုင်နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် ယခုချိန်ထိ ကျီကျင်းရွာနှင့် ရေကြည်ဦးရွာဘက်တွင် အထိုင်ချတပ်စွဲလျက်ရှိပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် ဇီးကုန်း-မလယ်လမ်းဆုံံသို့ ထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား ၁၆၀ ကျော်သည် ရေကြည်ဦးရွာရှိ စစ်ကောင်စီတပ်အင်အားအချို့နှင့် ပူး ပေါင်းကာ ဗျူဟာလမ်းအတိုင်းတောင်ဘက်သို့ စစ်ကြောင်းထိုးထွက်ခွါသွားရာ ကန့်ဘလူ-ခင်ဦး မြို့ နယ်အစပ်ရှိ သုံးဆင့်ကန်ရွာ နှင့် အလယ်ရှိုရွာကြားသို့ ရောက်ရှိနေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...