ကလေးမြို့နယ်တွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သားအလောင်း ၃ လောင်း၊ သုံ့ပန်း ၁ ဦးနှင့်အတူ လက်နက် ၁၀ သိမ်းဆည်းရရှိ

ကလေးမြို့နယ်တွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သားအလောင်း ၃ လောင်း၊ သုံ့ပန်း ၁ ဦးနှင့်အတူ လက်နက် ၁၀ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သားအလောင်း ၃ လောင်း၊ သုံ့ပန်း ၁ ဦး နှင့်အတူ လက်နက် ၁၀ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

သြဂုတ်လ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုး စစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ် တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ နှင့် စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ မှ ကြည်း-၄၇၁၇၁ ဗိုလ်ကြီး ၀င်းမင်းစိုး တို့ ဦးစီးသည့် ခန့်မှန်းအင်အား ၁၂၀ ကျော်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အလောင်း ၃ လောင်း၊ သုံ့ပန်းတစ်ဦးတို့ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် MG-42 အမျိုးအစား သေနတ် ၁ လက် ၊ BA-100 အမျိုးအစားသေနတ် ၁ လက် ၊ MA-4 အ မျိုး အစား သေနတ် ၁ လက် ၊ MA-E အမျိုးအစား သေနတ် ၂ လက် ၊ MA-1 အမျိုးအစားသေနတ် ၂ လက် ၊ MA-3 အမျိုးအစား သေနတ် ၂ လက် ၊ G-3 အမျိုးအစား သေနတ် ၁ လက် ၊ MG-42 ပြောင်းပို ၂ ခု ၊ RPG ဗုံးသီး ၅ လုံး၊ ကျည်ဘောက်မျိုးစုံ ၂၄ ခု ၊ ၄၀ မမ ဗုံးသီး ၁၂ လုံး ၊ ၇.၆၂ ကပစကျည် ၁၉၀၃ တောင့် ၊ ၅.၅၆ ကပစကျည် ၁၃၈၉ တောင့် ၊ ၁၄ မိုင်း ၅ ခု ၊ ၈၄ မမ မှန်ပြောင်း ၁ ခု ၊ ၈၁ မမ မှန်ပြောင်း ၁ ခု ၊ အီနာဂါ ဗုံးသီး ၁ လုံး နှင့် ကျည်ကာဦးထုပ် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားသူအများစုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အတင်း အဓမ္မစစ်သားအဖြစ်စုဆောင်ထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး များဖြစ်ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၅ အထူးလှုပ်ရှား တပ်ရင်း၊ အမှတ် ၆ အထူးလှုပ်ရှား တပ်ရင်း၊ က လေးခရိုင် အမှတ် ၄ တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ နှင့် PDF Zoland-Drone Team တို့ ပူး‌ ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖောင်စိန် စစ်ဆေးရေးတိုးဂိတ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော်က ထုတ်ပြန် သည်။ ဩဂုတ်လ ၂၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ...