သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။
ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော အင်အား ၈၄ ဦးပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အသင့်စောင့် ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ တပ်ခွဲမှူးဟု ယူဆရသူ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း -၁၆(ဘီလူးစစ်ကြောင်း)နှင့်အတူ မုံရွာခရိုင် ပကဖ အထူး တိုက်ခိုက်ရေးအဖွဲ့ Danger Force ၊တိုက်နယ် ပကဖ အင်အားစုများနှင့် local တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media