ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က ကန့်ဘလူမြို့နယ်၊ ငါတို့ရွာ ပျူအထိုင်စခန်းမှ ထွက် လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် နံနက် ၁၁ နာရီအချိန်တွင်ထိန် တောကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့နှင့် ထိပ်တိုက်တိုးသည့် ရွာသစ်ရွာမှ ဇော်ဦး၊ ရီး‌ဒွေး ရွာမှ ဖိုးတရုတ် နှင့် ထိန်တောရွာမှ အမျိုးသား၂ ဦး တို့ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိန်တောရွာနေ အသက် ၈၀ ကျော်အရွယ် လေဖြတ်နေသော အဖွားအိုတစ်ဦးကိုလည်း အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့်အပြင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ညနေ ၆ နာရီ ၂၅ မိနစ်မှစ၍ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ တစ်ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ထိန်တောရွာတညအိပ်ခဲ့သော စစ်ကောင်စီ တပ် နှင့် ပျူစောထီး စစ်ကြောင်းသည် ကိုင်းရိုးရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ကန့်ဘလူမြို့ နယ် အခြေစိုက် သံချပ်ကာတပ်ရင်း ၆၀၀၆ မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကိုင်းရိုး ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကိုင်းရိုးကျေးရွာအတွင်း ဝင်ရောက်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ မွန်းလွဲ ၂ နာရီ တွင် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးကာ အင်္ဂါထောင့်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ညနေပိုင်းတွင် အင်္ဂါထောင့်ကျေးရွာနှင့် သရက်တော ကျေးရွာတို့၌ တပ်ဖြန့်တပ်စွဲကာ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး နေအိမ်များကိုလည်း ၂ ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အ‌င်္ဂါထောင့်ရွာနှင့် သရက်တာရွာတို့၌ နှစ်ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်နှင့် ပျူစစ်ကြောင်း သည် ဩဂုတ်လ ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျေးပင်အက်ရွာသို့ ထပ်မံ၍ ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နံနက် ၇ နာရီ ၅၀ မိနစ်နှင့် ည‌နေ ၆ နာရီ ၃၀ မိနစ်တွင် ကျေးပင်အက်ရွာရှိ ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ယင်းကျေးရွာ၌ပင် တစ်ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ထို့နောက်   ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ကျေးပင်အက်ဆည်ဘောင်အနီးရှိ ဈေးဆိုင် ခန်းများကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးပင်အက်ရွာထဲသို့ ပြန်ဝင်သွားကြောင်း၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကျေးပင်အက်ရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဝါသဝခေါင်းဆောင်သော ပျူစစ်ကြောင်းနှင့် အကြမ်းဖက်စစ်သားများသည် စစ်ကြောင်းထိုးလာသည့် ကာလတလျောက်လုံး တောလမ်းများအတိုင်းစစ်ကြောင်းထိုးရဲခြင်း လုံးဝမရှိဘဲ ပြည်သူများ နေထိုင် သည့် ကျေးရွာများကိုသာ အဓိကပစ်မှတ်ထား၍ စစ်ကြောင်းထိုးကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို မွှေ နှောက်ခိုးယူခြင်း၊ ရွာထဲတွင် ဖမ်းမိသည့် ပြည်သူများအား အကြမ်းဖက်ဟုအမည် တပ်ကာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများ ဖမ်းဆီးမိပါက သက်ကြီးရွယ်အိုများပင် မရှောင် အဓမ္မ ပြု ကျင့်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေး ထားသည်။

အကြမ်းဖက်စစ်ကောင်စီစစ်သား၊ ပျူများသည် ၎င်းတို့ သတ်ဖြတ်ခဲ့သော ပြည်သူများ၏ ရုပ် အ လောင်းများကို ပြည်သူ့နေအိမ်များပေါ်တင်၍ မီးရှို့ကာ အလောင်းဖျောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၅ ရက်တာကာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက် နယ်နှင့် ဇီးကုန်းတိုက်နယ်အတွင်းရှိ ရွာမရွာသစ်၊ အင်းလယ်ကြီး၊ ဉာဏ်အင်း၊ ထိန်တော၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ သရက်တာနှင့် ကျေးပင်အက်ရွာတို့မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်း ရှောင်နေကြရကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယခုချိန်ထိ ကျေးပင်အက်ရွာထဲ၌ တပ်စွဲနေလျက်ရှိပြီး ပြည်သူ့နေအိမ်မည်မျှ မီးလောင်ဆုံးရှုံးခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးလို ထွက်ပြေးတိမ်းရှောင် နေရသော ပြည်သူများမှာလည်း ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မန္တလေးအိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်ရှိ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၂၁ ဦးသေဆုံး

မန္တလေးအိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်ရှိ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၂၁ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ် က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် စုစုပေါင်းအကျဉ်း သား ၂၁ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများမိသားစုနှင့် PPNM တို့ထံမှ သိရသည်။ ဩဂုတ်လ ၈ ရက်နေ့၊...