မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၀

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၊ ပျူ ၃ ဦး သေဆုံးပြီး ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော် ဖမ်းမိခဲ့ကြောင်း အမှတ် ၁ စစ် ဒေသက ထုတ်ပြန်သည်။

ဩဂုတ်လ ၁၅ ရက်နေ့က မော်လိုက်မြို့နယ်၊ ထော်သာရွာကျေးရွာ၌အထိုင်ချတပ်စွဲထားသော (ပျူ) စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်း ၃ လောင်း သိမ်းဆည်းရရှိခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပျူစောထီး ခေါင်းဆာင် အဲပန် အပါအဝင် ပျူစောထီးများ၏ မိသားစုဝင် ၁၉၀ ဦးအား ဖမ်းဆီး ရရှိခဲ့ပြီးပြီး ပျူစောထီးအဖွဲ့ဝင် (၂၀) ဦးခန့်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထို့ကြောင့် ထော်သာ ပျူစခန်းရှိ စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသော ၆၀ မမ ပြောင်း နှင့် RPG အပါ လက် နက် (၂၃) လက်၊ ခဲယမ်းအချို့နှင့် ငွေကျပ် သိန်း (၁၅၀) ကျော် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မော်လိုက်ခရိုင် တပ်ရင်း ၂ ၊ ၄ နှင့် ဖောင်းပြင်မြို့နယ် ပကဖအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မော်လိုက်မြို့နယ် ပကဖ မှ ထောက်ပို့တာဝန်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ သိမ်းပိုက်ခံရသည့် ထော်သာရွာစခန်းကို စစ်ကူပေးရန် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော ဖလက်ခွံများပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၃၀ ခန့်နှင့် တောင်းအင်ရွာမှ အင် အား (၅၀) ခန့်ပါ စစ်ကြောင်းတို့သည်လည်း အင်းတပေါင်းရွာသို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

အလားတူ စခန်းသိမ်းတိုက်ပွဲအတွင်း တံတားဦးလေတပ်မှ တက်လာသော Yak-130 ၁ စီးဖြင့် ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့သည့်အပြင် စစ်ရေယာဉ်များပေါ်မှလည်း ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထားဝယ်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစောထီး ရဲရင့်အောင် (ခ) တူးတူး ပစ်ခတ်ခံရပြီး သေဆုံး

ထားဝယ်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစောထီး ရဲရင့်အောင် (ခ) တူးတူး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစော ထီး ရဲရင့်အောင် (ခ) တူးတူးကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ S.G.F ထံမှ သိရသည်။ ဩဂုတ်လ ၁၈ ရက် ညနေ ၄ နာရီ...