Sagaing News

Sagaing News

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်ကြောင်းနှင့် ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်သား အများ အပြားသေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၈

 

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းကို စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့ထိ မုံရွာ-အရာတော် လမ်းပိုင်းအတွင်း စစ်ကြောင်းထိုး အထိုင် ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ယာဉ်တန်းကို ရာသီဥတု အခက်အခဲ များကြားက တော်လှန်ရေး တပ်ဖွဲ့များပူးပေါင်းပြီး ရက်ရှည်ကင်းပုန်းဝပ်၍ ပြောက်ကြား တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

https://youtu.be/RsykCW8Md8g

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ပြားသော်လည်း အရေ အတွက်အတိအကျ သိရှိရခြင်းမရှိပဲ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ ဦး ထိခိုက်ဒါဏ်ရာ (မစိုးရိမ် ရ) ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာခရိုင် အမှတ် (၁) တပ်ရင်း တို့မှ ဦးဆောင်ပြီး တိုက်နယ် ပကဖ၊ရပ်ကျေးပကဖနှင့်အခြား Local မဟာမိတ် တော်လှန်ရေး အင်အား စုများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...