သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ကျောက္ကာလမ်းမပေါ်တွင် ၁ ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ဦးခန့် သေဆုံးကာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဩဂုတ်လ ၈ ရက်နေ့က မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှ ခန့်မှန်းအင်အား ၁၅၀ ခန့်ဖြင့် ထွက်လာ သော စစ်တပ် စစ်တပ်စစ်ကြောင်းကို အသင့်ထောင်ထားသော တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ရှေ့ပြေး တပ်စိပ်မှ စစ်သာများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ အလားတူ ကျောက္ကာတောင်ရွာရှိ စာသင်ကျောင်းမှ ထွက်လာသော စစ်တပ် စစ်တပ်စစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာမြို့နယ်၊ ရေနံကုန်းလမ်းဆုံနှင့် ရွှေဂူဖြူဘုရားအနီး တို့တွင် တပ်ဖြန့်ထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ ကြောင်း၊ ညနေ ၆ နာရီခန့်တွင်လည်း ထနောင်းဝင်းကျေးရွာအရှေ့ဘက်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။
ည ၉ နာရီခန့်တွင်လည်း ရွာတုံကျေးရွာနှင့် ထနောင်းဝင်းကျေးရွာအနီးတို့တွင် စစ်ကောင်စီတပ်သား များကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး စီးပွားရေးတက္ကသိုလ်၌တပ်စွဲထားသော စစ်သားများနှင့် အမှတ် ၅၀၈ အမြောက်တပ်မှ စစ်သားများက လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း၊ ထို့အပြင် အ နောက်မြောက်တိုင်း စစ်ဌာနချုပ် နမခမှ ပါရာမိုတာဖြင့်လေကြောင်းပစ်ကူပေးခဲ့ပြီး အပေါ့စား သံချပ် ကာ ယာဉ် ၂ စီးမှာ ပြန်ဆုတ်သွားကြောင်း သိရသည်။
ဩဂုတ်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရွှေဂူနီးဘုရားအနီး တပ်ဖြန့်ထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ညနေ ၄ နာရီ ခန့်တွင်လည်း ကျောက္ကာမြောက်ရွာအရှေ့ဘက် ကန်ကြီးကွေ့တွင် တပ်ဖြန့်ဆင်းလာသော စစ်သား များကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ညနေ ၄ နာရီခန့်တွင်လည်း ကျောက္ကာရွှေဂူနီဘုရားအနီးရှိ စစ်သားများနှင့် ကျောက္ကာမြောက်ရွာ မီးသတ်ရုံအနီးရှိ အင်အား ၁၅၉ ဦးရှိ စစ်ကြောင်းနှင့် ဂျန်ပါကားကို Multiroter ၄ စီး၊ Fixwing ၂ စီး ဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ Scout Drone ၁ စီး ဂျန်ပါကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၁ ရက် နံနက် ၅ နာရီခန့်တွင် အင်အား ၁၂၀ ခန့်၊ အပေါ့စား သံချပ်ကာ ယာဉ် ၂ စီး ၊ သံပြားကာ ကား ၂ စီး၊ Double cab ၂ စီးပါ ယဥ်တန်းကို တိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ချခဲ့သဖြင့် ဒရုန်း တစ်စီး၊ ညနေ ၃ နာရီခန့်တွင် စစ်တပ် ဂျန်ပါ ကြောင့် ဒရုန်း တစ်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သား ၄၀ ဦးခန့် သေဆုံးပြီး သေဆုံး သူ အများစုမှာ စစ်မှုထမ်း စစ်သားများဖြစ်ကြောင်း၊ ထို့အပြင် ဗိုလ်မှူး ၁ ဦး နှင့် ဗိုလ်ကြီး ၁ ဦး အပါ အဝင် စစ်သား ၂၀ ဦးခန့် ဒဏ်ရာရပြီးခဲ့ကြောင်း သိရသည်။
“ဗိုလ်မှူးတစ်ယောက် ထိခိုက်စာရင်းမှာတော့ပါတယ်။ သေမသေတော့ အတည်ပြုမရသေးဘူး။ စခ သေဆုံးထိခိုက်မှုက ဒီထက်ပိုများနိုင်ပါတယ်။ သိမ်းမိခဲ့တဲ့ စာရွက်စာတမ်းတွေက စစ်ကြောင်း ထွက် ပြီး တိုက်မိုင်းမမိခင် တစ်ထောက်နားတဲ့ နေရာ ကနေ ရခဲ့တာပါ။ ကျကျန်ခဲ့တာဖြစ်ပါတယ်။” ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အထိနာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကျောက္ကာရေနံကုန်းတနေရာကို မီးရှို့ခဲ့ သည့်အပြင် ခရိုင်ချင်း ဆက်လမ်း အတွင်းရှိ လမ်းဘေးဝဲယာ အိမ်တန်းများမှာလည်း စစ်ကောင်စီတပ် ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးများကြောင့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့တွင် ထိတွေ့တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ပါရာမို တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့တွင်လည်း ထိတွေတိုက်ပွဲမရှိခဲ့ကြောင်း၊ သို့သော်လည်း စစ်ကောင်စီတပ်ဘက်က ပါရာမိုတာဖြင့် လက်နက်ခဲယမ်းအထုပ် ၃ ထုပ်ချပေးခဲ့ ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အမှတ် ၅၀၈ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည့်အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တက်လာသော ပါရာမိုတာ ၂ စီးဖြင့် မုံရွာမြို့မှ အရာတော်မြို့နယ် အနောက်ခြမ်းအထိ ပျံသန်းကာ ကင်းထောက်ခဲ့ကြောင်း သိရသည်။
ယခုအချိန်အထိ မုံရွာမြို့မှ ကျောက္ကာ ရွှေဂူဖြူဘုရား ပတ်ချာလည်အထိ အင်အား ၄၀၀ ခန့်ဖြင့် တပ်ဖြန့်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကလည်း အစွမ်းကုန်ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“စထွက်တုန်းကတော့ အင်အားက ၁၅၉ ယောက်ပါ။ ၁၁ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းထပ်တိုး အင်အားက ၂၀၀ လောက်ရှိပါတယ်။ ကြားထဲမှာ ၆ ဘီးကား တစ်စီး၊ အိမ်စီးကားတွေနဲ့လည်း ထပ်တိုးအင်အားတွေရှိပါတယ်။ လတ်တလောခန့်မှန်းအင်အား က ၃၅၀ ၊ ၄၀၀ လောက်ရှိမယ်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နေ့တွေက ရေနံကုန်းပေါ်က ရေနံခြံဘက်တွေကို မီးရှို့နေတာ။ ဒီနေ့တော့ မမြင်သေးဘူး။” ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media