စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံး

စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံမှ သိရသည်။

ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီခွဲခန့်က စစ်ကိုင်းမြို့ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း အတွင်း၌ တန်းစီပြီး မိန်းခွန်းပြောနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် 1kg ဗုံးသီး ၂ လုံး၊ 3kg ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးတပြိုင်တည်း ကျဲချတိုက်ခိုက်ခဲ့ရာ တန်းစီနေသည့် လူအုပ် အတွင်း ကျရောက်ပေါက်ကွဲပြီး ၂ ပွင့်ဗိုလ်အရာရှိတစ်ဦးအပါအဝင် ၁၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲလိုချဖို့ ၂ ရက်လောက် ကင်းထောက်ခဲ့ရတယ်၊ သူတို့လေ့ကျင့်ရေးလုပ်ဖို့ တန်းစီနေတဲ့အချိန် ၊ သူ တို့ မိန်းခွန်းပြောနေတဲ့အချိန်ပေါ့၊ အဲဒီလူအုပ်ထဲကို ချတာ၊ ကင်းထောက်ကနေ သူတို့တန်းစီနေတဲ့ အချိန် ဖုန်းဆက်တဲ့အချိန်မှာ ဒရုန်းတက်ပြီးတော့ ကွက်တိချနိုင်ခဲ့တာ၊ ဗုံးတွေအကုန်လုံးက ကွက် တိကျတယ်။ နေရာတင်ပွဲချင်းပြီး ၁၅ ယောက်သေတယ်၊ ၂ ပွင့်ဗိုလ် မိန့် ခွန်းပြောနေတဲ့အချိန်မှာ ချ လိုက် တာဆိုတော့ အဲဒီ ၂ ပွင့်ဗိုလ်က နေရာမှာတင်သေတယ်၊ သူ့ရဲ့သားက အရေးပေါ် ဆေးရုံတင် ထား ရတယ်။” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ပြောကြားသည်။

ထိုသို့ ဗုံးသီးကျဲချခံရပြီးနောက် စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သည့်အပြင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ပျံဝဲကာ ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းလေ့ကျင့်ရေးသင်တန်း ကျောင်းသည် ဂျန်ပါများအခိုင်အမာတည်ဆောက်ထားပြီး ယခင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ၏ ဒရုန်းများ မကြာခဏ ပျက်ကျခဲ့ဖူးကြောင်း သိရသည်။

“ဂျန်ပါအနေနဲ့ တအား အား ကောင်းတယ်၊ သူတို့ဂျန်ပါကို သူတို့ကိုသူတို့ယုံကြည်မှုရှိတယ်၊ နဂိုက တည်းကပဲ၊ တိုးနိုင်ရင် တိုးဆိုပြီး စိန်ခေါ်ထားတဲ့အနေအထား။ ဒရုန်းတော်တော်များများလည်း ပျက် ကျဖူးတယ်။ ကျနော်တို့ လည်း ဒီတစ်ခေါက်တိုးနိုင်ခဲ့တာ။ သူတို့အနေနဲ့ ကောင်တာကတော့ ပြန် တယ်။ ကောင်တာပြန်တဲ့ အပြင် ဖိုက်တာပါတောက်လျှောက်ဝဲလာတာ။ ၃ လေးပတ်လောက်အထိ ဝဲတယ်။ ကောင်တာက ၂ ခေါက်ပြန်ပစ်တယ်၊ ကျနော်တို့ချပြီးလို့ အသံထွက်ပြီးတာနဲ့ ၅ မိနစ် လောက်နေတော့ ကောင်တာ ပြန်ပစ်တာ၊” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း၊ အောင်သပြေညီနောင် (ကျောက်ဆည် -PDF) နှင့် မိုက်တူးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...