Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေး၊ အင်မထီး ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းအား ခုခံတိုက်ခိုက်မှု စစ်သား ၅၀ ခန့် သေဆုံး

 

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂

 

စစ်ကိုင်းတိုင်း၊ ကန့်ဒေါင့် ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရရှိသည်ဆိုသော သတင်း မှာ သတင်းမှားသာဖြစ်ပြီး အင်မထီးပျူစောထီး စခန်းမှ ထွက်ခွာလာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၅၀ ခန့်သေဆုံးခဲ့ကြောင်း PLA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့က ပုလဲမြို့နယ်၊ သရက်ကန်ကျေးရွာ၊ တလိုင်းကန်ကျေးရွာတို့ ဘက်သို့ ရောက်ရှိသော စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကန့်ဒေါင့် စခန်းဘက်သို့ ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ထိုသို့ ထိုးစစ်ဆင်လာခဲ့သဖြင့် ကန့်ဒေါင့်စခန်းနှင့် တမိုင်ခန့် အကွာအဝေးရှိ ကျေးရွာတစ်ရွာသို့ ရောက်ရှိနေသဖြင့် PLA နှင့်ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက် လျက်ရှိရာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

 

“မနေ့ကတော့ သရက်ကန်တို့၊ တလိုင်းကန်တို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့ စစ် ကြောင်း ထိုးလာတာရှိတယ်၊ အများကြီးတော့ မဟုတ်ဘူး။ ထိုးလာပြီးတော့ ကန့်ဒေါင့်နားက ရွာပေါ့၊ နီးတော့နီးတယ်၊ အရမ်းတော့မနီးဘူး။ အဲဒီရွာတစ်ရွာမှာ သူတို့ရောက်နေတယ်၊ အဲဒီနားမှာတော့ ကျမတို့ PLA တပ်ဖွဲ့တွေ၊ မဟာမိတ်တပ်ဖွဲ့တွေရှိတယ်ဆိုတော့ သူတို့ကို ဝိုင်းထားတဲ့အတွက် ထိ တွေ့ တိုက်ပွဲဖြစ်နေတာရှိတယ်။ ကန့်ဒေါင့်ကိုတော့ မရောက်ဘူး။ ကန့်ဒေါင့်ပတ်ချာလည်မှာ ကျမ တို့ရဲဘော်တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက် သူတို့ဝင်လာပြီး ယူလို့မရပါဘူး။” ဟု PLA တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောကြားသည်။

ကန့်ဒေါင့်စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများမှာ အင်မထီးပျူရွာစခန်းသို့ ဆုတ်ခွာ ထွက်ပြေးပြီး ယင်းစခန်းအတွင်းသို့ စစ်ကောင်စီတပ်က Y12 ၊ Mi17 ထောက်ပို့လေယာဉ်များဖြင့် လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာများဖြည့်တင်းကာ ကန့်ဒေါင့်စခန်းကို ပြန်လည် သိမ်းပိုက်နိုင်ရေး အကြိမ် ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကန့်ဒေါင့်စခန်းသိမ်းပြီးကတည်းက ရန်ကူစကစတွေက အင်မထီးရွာဘက်ကို ထွက်ပြေးသွားတာ တွေရှိတယ်။ အဲလိုထွက်ပြေးပြီးတော့ နောက်ထပ် စစ်ကူတွေနဲ့ အင်မထီးရွာကနေ အနောက်ဘက်ကို တမိုင်ကျော်လောက်အထိ ထွက်လာတယ်၊ ဒါပေမယ့် ကျမတို့ PLA တပ်တွေနဲ့တွေ့ပြီး တိုက်ပွဲဖြစ် ပြီးတော့ သူတို့တွေ တပ်တွေပျက်ပြီး အယောက်လေးငါးဆယ်လောက်ကျတယ်။ ဒဏ်ရာရတာတွေ လည်းရှိတယ်၊ ရန်သူ့ဘက်ကတပ်ပျက်ပြီးတော့ ဆုတ်ပြေးသွားတာတွေရှိတယ်။ အင်မထီးကနေပြီး တော့ သရက်ကန် တို့၊ တလိုင်းကန်တို့ဘက်ကို စစ်ကြောင်းတွေထိုးနေတဲ့အတွက် ကျမတို့ PLA ရဲ ဘော်တွေနဲ့ တိုက်ပွဲ တွေဖြစ်နေတာတော့ အကြိမ်ကြိမ်ရှိပြီ။ အစောပိုင်းရက်တွေက ဖြစ်နေတာပေါ့၊ အရင်တုန်းကတော့ အင်မထီးထဲ တပ်ဆုတ်ဝင်ပြီး ထွက်ပြေးသွားတာ၊ နောက်ပိုင်းကျတော့ အင်မထီး ထဲ အထိမဝင်ပဲနဲ့ အင်မထီးနဲ့ တမိုင်အကွာလောက်မှာရှိတဲ့ သရက်ကန်တို့၊ တလိုင်းကန်တို့မှာနေပြီး တော့ အဲဒီရွာတွေကိုလည်း မီးရှို့ပစ်တယ်။” ဟု PLA တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော် က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာ -မန္တလေးလမ်းမပေါ်တွင် လည်ပတ်အနီဝတ်ဆင်ပြီး လုံခြုံရေးယူနေသော စစ်သားများကို မိုင်း ဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် လည်ပတ်အနီဝတ်ဆင်ပြီး လုံခြုံရေး ယူနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား...