မုံရွာ -မန္တလေးလမ်းမပေါ်တွင် လည်ပတ်အနီဝတ်ဆင်ပြီး လုံခြုံရေးယူနေသော စစ်သားများကို မိုင်း ဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

မုံရွာ -မန္တလေးလမ်းမပေါ်တွင် လည်ပတ်အနီဝတ်ဆင်ပြီး လုံခြုံရေးယူနေသော စစ်သားများကို မိုင်း ဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် လည်ပတ်အနီဝတ်ဆင်ပြီး လုံခြုံရေး ယူနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက် ညနေ ၃ နာရီ ၁၆ မိနစ်က မုံရွာ -မန္တလေးလမ်းမပေါ် မြောင်လမ်းခွဲမှအိမ် စီးကား ၄ စီး၊ အာရာဖတ် (4 Wheel) ကား ၁ စီးဖြင့် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ရေပိုး စာ ကျေးရွာကြားသို့ ထွက်လာပြီး နတ်ရေကန် – လမ်းမတလျှောက်၌ လည်ပတ်အနီဝတ်ဆင်ကာ အင်အား ၇၀ ခန့်ဖြင့် နေရာယူထားခဲ့ကြောင်း သိရသည်။

ထိုသို့ နေရာယူထားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပဒေသာမိုင်း ၃ လုံး တစ်ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားတွေကို ရေပိုးစား ဘုန်းကြီးကျောင်းမှာ ရပ်ထားပြီး ခြေလျင်ဆင်းလာကြတာ၊ မိုင်းရှင်းလင်း ရေးအတွက်ပဲ၊ စက်လက်ပါတဲ့ အာရာဖတ်ကား တစ်စီးက ခေါက်တုံ့ခေါက်ပြန် လုံခြုံရေးယူပေးပြီး မိုင်းရှင်းတာ၊ ၂ ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေတယ်၊ ကျန်တဲ့ ထိခိုက်ဒဏ်ရာရတာ တွေ၊ ထပ်တိုးသေဆုံးတာတွေ မသိရသေးဘူး” ဟု People’s Defence Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် ၆၄ ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း -People’s Defence Force – South Monywa တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုင်းပြည်အာဏာကို မတရားသိမ်းယူကာ ပြည်သူလူထုတစ်ရပ်လုံး စီးပွားရေး ကြပ်တည်းမှုဖြစ်ပေါ်စေရန်ဖန်တီးမှုကြောင့် ပြည်သူများအခက်အခဲဖြစ်ပေါ်နေသည်ကိုလည်း နား လည်ပါကြောင်း၊ သို့သော်လည်း စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်၊ ခဲယမ်း များစွာ လိုအပ်လျက်ရှိသောကြောင့် ကျပ် တစ်သောင်းမှစ၍ ထောက်ပံ့ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။...