ချောင်းဦးမြို့နယ်၊ ကြည်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၀ နှစ်အရွယ် မိန်းလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ချောင်းဦးမြို့နယ်၊ ကြည်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၀ နှစ်အရွယ် မိန်းလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကြည်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖ ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ချောင်းဦးမြို့နယ်၊ မြပုလဲစစ်တပ်အထိုင် စခန်းမှ ကြည်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာလမ်းမ ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းသွားလမ်းလာ၊ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ ထို့အပြင်  အသက် ၁၀ နှစ်ဝန်းကျင် အရွယ် ကိုရင်တစ်ပါးအပါအဝင် ယောက်ျားလေး ၃ ဦး ၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၆၀ အရွယ်အမျိုးသမီး တစ်ဦး စုစုပေါင်း ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မနေ့က ညနေ ၄ နာရီခွဲလောက်က ကြည်ကုန်းရွာထဲကို ဘာမှတိုက်ပွဲမှ မရှိပဲနဲ့ ၂ လုံး ပစ်တာ၊ ရွာ ထဲက လမ်းမပေါ် ကျပြီးတော့ လမ်းသွားလမ်းလာ ပြည်သူ၂ ဦးသေဆုံးတယ်၊ ၅ ဦး ဒဏ်ရာရတယ်။ ချောင်းဦးမြို့ပေါ်တို့၊ မြပုလဲ တို့ အဲဒီလို စစ်ကောင်စီအထိုင်စခန်းတွေကနေ ရွာတွေဘက်ကို အမှတ် တမဲ့လက်နက်ကြီးနဲ့ မကြာ ခဏ ပစ်ခတ်နေတာတွေရှိပါတယ်။” ဟု ချောင်းဦးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပြည်သူလူထုကို ပစ် မှတ်ထားကာ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်း လမ်းများကို လိုက်နာပေးကြပါရန်နှင့် စစ်ကောင်စီစစ်ကြောင်းများနှင့်ဝေးရာနေရာများ၌ နေထိုင် ပေးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းမေတ္တာရပ်ခံထားသည်။

ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်နိုင်ရင်တော့ ပိုကောင်း တာပေါ့၊ ဒါပေမယ့် ပြည်သူတွေ အနေနဲ့ကလည်း အလုပ်အကိုင် ဘာညာရှိနေတာဆိုတော့ ရှောင်ဖို့က ခက်၊ အဓိကတော့ အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းတူးထားကြ ဖို့တော့ တိုက်တွန်းချင်တယ်။ ပြီးတော့ စစ်ရေးလှုပ်ရှားမှုရှိတဲ့အခါမျိုး မှာဆိုရင် ဘေးလွတ်ရာမှာ ရှောင်ရှားနေထိုင်ကြဖို့ ပြောချင်တယ်၊ အခု လို မျိုး လက်နက်ကြီးနဲ့ အမှတ် မထင်ဖြစ်တာကတော့ တိုက်တွန်းရခက်တယ်။” ဟု ချောင်းဦးမြို့နယ်ပကဖမှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဂန့်ဂေါမြို့၊ ခလရ ၅၀...