Sagaing News

Sagaing News

မုံရွာမြို့နယ်တွင် ဝါသဝလက်အောက်ခံ ပျူတစ်ဦးနှင့် တောပုရွာမှ ပျူ ၁ ဦးကို အရှင်ဖမ်းမိ

 

D Day News

စက်တင်ဘာလ ၁၇

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ သင်္ကန်းဝတ်ဝါသဝလက် အောက်ငယ်သား ပျူတစ်ဦးနှင့်တောပုရွာမှ ပျူ ၁ ဦးတို့ကို အရှင် ဖမ်းမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ ထံမှ သိရသည်။

 

မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးအဖွဲ့ဝင် အောင်ဆန်းမြင့်နှင့် ကန့်ဘလူမြို့နယ်၊ ပျူစောထီး ခေါင်းဆောင် ဝါသဝ၏ တပည့် ပျူစောထီး ဝင်းကို တို့ကို Jammer စက် ၁ လုံး၊ လက်ပစ်ဗုံး၊ ကျည်ဆံ၊ ကျည်ဘောက်များနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးမှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ – ပလဖ တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...