Sagaing News

Sagaing News

ကသာမြို့နယ်ကို စစ်သင်္ဘောများဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ဘုရားစေတီ၊ သာသနာ့အဆောက်အအုံများအပါအဝင်အများအပြား ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၈

 

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း စစ်သင်္ဘောများဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဘုရားစေတီ၊ သာသနာ့အဆောက်အအုံများအပါ အဝင် အများအပြား ပျက်စီးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၆ ရက်နေ့က ကသာမြို့မှ ထွက်လာသော စစ်သင်္ဘောအုပ်စုဖြတ်းသန်းစဉ် ကသာမြို့ အ ထက်ပိုင်းရှိ မိုးတားကျေးရွာ၊ မြေနုကျေးရွာ အပါအဝင် ဧရာ၀တီမြစ်ကမ်းဘေး ကျေးရွာများကို စစ် သင်္ဘောပေါ်မှ လက်နက်ကြီး များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ၊ Y-12 ဖြင့် အကြိမ် ၂၀ ကျော် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မြေနုကျေး ရွာနေ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိကာ ကျေးရွာများရှိ ဘုရား စေတီ ပုထိုးများ ၊သာသနိက အ ဆောက်အဦ များအပါအဝင် နေအိမ်နှင့် အခြား အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

 

ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော အကြမ်းဖက်စစ် ကောင်စီတပ်၏ ထောက်ပို့စစ်သင်္ဘောများသည် ဗန်းမော်မြို့သို့ ဦးတည်ထွက်ခွာနေခြင်းဖြစ်ပြီး စစ်အုပ်စုသွားရာလမ်းကြောင်းတလျှောက်ရှိ မြစ်ကမ်းဘေးကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...