ချောင်းဦးမြို့ပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို ၄ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီး၊ လက်နက် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ ၊ စစ်တပ်ကပြည်သူ ၉ ဦး ကို ဖမ်းဆီး သတ်ဖြတ်
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၅
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ဆိုင်ကယ် ၂ စီး၊ လက်နက် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ချောင်းဦးမြို့နယ် ပကဖ ထံမှ သိရသည်။
ဇူလိုင်လ ၂၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ချောင်းဦးမြို့၊ ဆည်မြောင်းရုံးအနီး မုံရွာ-မန္တလေး လမ်းမကြီးပေါ်သို့ ဆိုင်ကယ် ၂ စီးဖြင့် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်ကောင်စီ တပ်သား ၄ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြို၍ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးလုံး သေဆုံးပြီး ဆိုင် ကယ် ၂ စီး၊ MA 3 အမျိုးအစား သေနတ် ၁ လက်၊ MA 11 အမျိုးအစား သေနတ် ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံး နှင့် ၅.၅၆ ကျည် ၄၀၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ထွေအုပ်ရုံးထဲကဆိုပါတော့၊ ချောင်းဦးမြို့ထဲကနေ ထွက်လာတာ၊ ဖြစ်တဲ့နေရာကလည်း မြို့ပရဝဏ် ထဲမှာပဲ၊ ဆည်မြောင်းရုံးရှေ့မှာ။ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့အချိန်မှာ အသင့်စောင့်ဆိုင်းပြီး တိုက် ခိုက်ခဲ့တာ၊ တိုက်ခိုက်မှုက မိနစ်ပိုင်းပဲ ၁၀ မိနစ်အတွင်းလောက်ပဲကြာခဲ့တာ၊ စခတွေဘက်က ပြန် တောင်မပစ်နိုင်ဘူး။” ချောင်းဦးမြို့နယ်ပကဖ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army – BHA အဖွဲ့သားများနှင့် ချောင်းဦးမြို့နယ် ပကဖ အမှတ် ၁ တိုက်နယ် တိုက်ခိုက်ရေးတပ်စိပ် တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်း က ချောင်းဦးမြို့အနီးရှိ ကျေးရွာတစ်ရွာကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခမှ ဖြည့်တင်းထားသည့် စစ်သားများဖြင့် စစ်ကြောင်း ထိုး ကာ ပြည်သူအမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ချောင်းဦး မြို့ ပေါ်ရှိ ရပ်ကွက်များနှင့် အနီးအနားကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးကာ ပြည်သူများကို ဖမ်းဆီးသတ်မှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
ချောင်းဦးမြို့ပေါ်မှာက ဇူလိုင် ၁၈ ရက်နေ့ကနေ မနေ့က ၂၄ ရက်နေ့အထိ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတုန်းပဲ၊ ၁၈ နေ့ကနေ ၂၄ ရက်နေ့ ကြားထဲကို ပြည်သူ ၉ ယောက်လောက်ရှိသွားပြီ။ ဖမ်းတယ်။ သတ်တယ်၊ ချောင်းဦးမြို့ထဲက ရပ်ကွက်တွေထဲကို အိမ်စီးကားတွေနဲ့ ပတ်တယ်၊ ပြည်သူတွေဖမ်း တယ်၊ စစ်ဆေးတယ်၊ သူတို့မသင်္ကာဘူးထင်ရင်သတ်တယ်၊ အားလုံးပေါင်း ၉ ယောက်လောက်ရှိ သွားပြီ။ အမျိုးသားတွေချည်းပဲ သတ်ခံရတာ၊ မနေ့ကအထိ စစ်ကြောင်းထွက်ထိုးသေးတယ်၊ နမခက နေ ၂၃ ရက်နေ့ ညနေပိုင်းက အင်အားတွေထပ် ရောက်လာတယ်၊ မနေ့က မနက်ပိုင်းမှာ စစ်ကြောင်း ထိုးတယ်၊ စစ်ကြောင်းထိုးရင်းနဲ့ တစ်ယောက် အသတ်ခံရသေးတယ်၊ စစ်ကြောင်းဆိုတာကလည်း ဝေးဝေးလံလံထိုးတာမဟုတ်ဘူး။ မြို့နဲ့အနီးဆုံးမှာရှိတဲ့ရွာထဲက ပြည်သူတစ်ယောက်သတ် သွားသေး တယ်။ အဲဒီတစ်ယောက်စုစုပေါင်း ၉ ဦးသတ်ခံရတာ၊” ချောင်းဦးမြို့နယ်ပကဖမှ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံက ပြောဆိုသည်။
လက်ရှိအချိန်၌ ချောင်းဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက မင်းမဲ့စရိုက်ဆန်ဆန် ပြည်သူများ ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများလုပ်ဆောင်နေသောကြောင့် မြို့နေပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်သားများ ကို ယုံစားခြင်းမပြုပဲ ဝေးရာတွင်ရှောင်တိမ်းနေထိုင်ကြစေလိုကြောင်း တိုက်တွန်းထားသည်။
“လောလောဆယ်တော့ မြို့ပေါ်မှာ စခတွေ အင် အားရှိနေသေးတဲ့အတွက် ပြည်သူတွေ လည်းသတိ နဲ့ နေနေရတဲ့အနေအထားဗျ။ အဓိကတော့ သူတို့ချောင်းဦးမြို့ပေါ်ကို စိုးမိုးထိန်းချုပ်ချင်တဲ့သဘော၊ မနေ့ကလို မစ်ရှင်တွေ တက် တက်လုပ်တဲ့အခါမျိုးတွေဆိုရင် သူတို့အတွက်က အဓိက အထိ နာနေ တာပေါ့၊ အဲဒါကြောင့် ချောင်းဦး မြို့တစ်မြို့လုံး စိုးမိုးချင်တယ်လို့ ယူဆရတယ်။ အဲဒါကြောင့်အခုလို ပြည်သူတွေကို ဖမ်းဆီးသတ် ဖြတ်တာတွေလုပ်နေတယ်လို့ပဲ သုံးသပ်မိတယ်။ ပြီးတော့ သတင်း ကိစ္စ ပေါ့၊ သူတို့တွေရဲ့ အချက်အ လက်တော်တော်များများ ကျနော်တို့ဘက်က ရနေတဲ့အခါမှာ ဘယ်သူ တွေ သတင်းပေးနေလဲ ၊ ဘာ လဲ ညာလဲဆိုပြီးတော့ ဖမ်းဆီးစစ်ဆေးသတ်ဖြတ်နေတာလို့ ယူဆ တယ်။ သူတို့မြို့ပေါ်အထိ တက်ပြီး ဒီလိုလုပ်ဖို့ဆိုတာကလည်း ကျနော်တို့ဘက်က သတင်းတိတိ ကျကျ ခိုင်ခိုင်လုံလုံရဖို့ လို တယ်။ အဲဒီ အတွက်လည်း သူတို့ဘက် ထိထိမိမိ ကြံနေပုံရတယ်။ မြို့ထဲ မှာ တော့ ပြည်သူတွေ အနေနဲ့ မင်းမဲ့ စရိုက် ဆန်နေတဲ့အနေအထားပဲ၊ လုပ်ချင်သလိုလုပ်နေတာ၊ ရပ်ကွက်အများစုက ပြည်သူတွေ အနေနဲ့ မြို့ထဲ မပြန်ရဲသေးဘူး။ ရှောင်ပြေးနေကြရတာ၊ မိဘပြည် သူ တွေ စစ်ကောင်စီကို သိပ်ပြီး မယုံစားကြဖို့ပြောချင်တယ်၊ တစ်ချို့ကျတော့လည်း ဒီစစ်ကောင်စီရဲ့ လုပ် ကို သိတော့သိတယ်၊ ဒါပေမယ့် အဲလောက်မဟုတ်လောက်ပါဘူးဆိုတဲ့ အနေအထားနဲ့ ယုံကြည် နေကြတဲ့သူတွေရှိတယ်၊ အများသောအားဖြင့် မြို့ပေါ်က ပြည်သူတွေ။ စစ်ကောင်စီ စစ်သားတွေ စိုး မိုးထားတဲ့ နယ်မြေတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး ရှောင်ရှားနေထိုင် ကြဖို့ သတိပေးချင်ပါတယ်။” ဟု ချောင်းဦးမြို့နယ်ပကဖမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။
Thanlwin Myanmar Media