ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးကျောင်းမှ ထွက်လာသော စစ်သား၊ ပျူများကို ကြားဖြတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှ ထွက်လာသော စစ်သား၊ ပျူ များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရ သည်။
ဇူလိုင်လ ၂၂ ရက် နံနက် ၆ နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးကျောင်း၌ အခြေပြု တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ စစ်သားနှင့်ပျူ ၆ ဦး တို့သည် ဆိုင်ကယ် ၃ စီးဖြင့် ရွှေဘို-ရေဦးလမ်းပိုင်းပေါ်သို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်နေရာယူ၍ စောင့် ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်သား၊ ပျူများ အသုံးပြုသော G-3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၆၈ တောင့် ၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကူထွက်လာသော စစ်ကောင်စီတပ်သားများကိုလည်း ဒရုန်းဖြင့် ထပ်မံဗုံးကြဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟုဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းနှင့် နယ်မြေခံ ပကဖတို့ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media