Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက်သလစ်ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက် သလစ် ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်

 

ဇူလိုင်လ ၁၀ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် (၂၄/၂၀၂၅) အရ ဖွဲ့စည်း တာဝန် ပေးအပ်သည့် စစ်ခုံရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံရသူ ဒေသခံကာကွယ်ရေး အဖွဲ့ ဝင် တိုက်ကော (ခ) ဝင်းဇော်ဦးပါကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ်(၂၀) ၊ ငနေ (ခ) နိုင်းနိုင်း၊ တံခွန် (ခ) မိုးယံမြင့်မြတ်၊ တက်လူ (ခ) နိုင်ဝင်းစည်သူ၊ မိုးကြိုး (ခ) အောင်မျိုးဟိန်း၊ R6 (ခ) အောင်ဇင်မြတ်၊ စနေ (ခ) ဂျွန်ကိုထွန်း၊ ကျားကြီး (ခ) ရင်ထူးကျော်တို့ (၇) ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) / ၁၁၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထောင်ဒဏ်အမိန့်ချမှတ်ခံထားရသူများအား သက်ဆိုင်ရာအကျဥ်းထောင်များတွင် ထိန်းသိမ်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော် သခင်မ ဘုရားကျောင်းမှာ သာသနာ့တာဝန်ကို ထမ်းဆောင်နေသော အသက် ၄၄ နှစ်အရွယ်၊ ဝါ တော် ၇ နှစ်ရှိ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာက ဘုန်းတော်ကြီး Father Donald Martin ရဲနိုင်ဝင်းကို ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးသတ် ဖြတ်ခံရသူ ဖာသာဒေါ်နယ်မာတင်သည် ယင်းဘုရားကျောင်း၌ တာဝန်ထမ်းဆောင်နေသည်မှာ ၂ နှစ် နီးပါးရှိပြီဖြစ်ကြောင်းသိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရခိုင်ပြည်နယ်တွင် အလင်းဝင်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အသက် ၆၂ နှစ်အရွယ်အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်

ရခိုင်ပြည်နယ်တွင် အလင်းဝင်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အသက် ၆၂ နှစ်အရွယ်အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရခိုင်ပြည်နယ်တွင် အလင်းဝင်ရောက်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အ သက် ၆၂ နှစ်အရွယ် အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်သွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁...