Sagaing News

Sagaing News

ကောလင်းမြို့နယ်၊ ဒို့ပင်ရွာအနီးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးတစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိကာ ဆီဘောက်ဆာကား ၂ စီး၊ ထမင်းဆိုင်တစ်ဆိုင် မီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၅

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဒိုးပင်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦးအပါအဝင် ၄ ဦးဒဏ်ရာရရှိပြီး ဆီဘောက်ဆာကား ၂ စီး၊ ထမင်းဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီ ၃၈ မိနစ်က ကောလင်းမြို့နယ် အရှေ့ခြမ်း၊ ဒိုးပင်ရွာအနီး တနေရာ သို့ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့်အမျိုးသား ၂ ဦး ဒဏ်ရာရရှိပြီး ၁ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဆီဘောက်ဆာ ကား ၂ စီး၊ ထမင်း ဆိုင် ၁ ဆိုင်နှင့် အခြားနီးစပ်ရာ ပစ္စည်းများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်‌ သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာကျင့်သုံးကြပါရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်သည့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Kim Aris နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံပြီး ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာစေ ရန် ကြိုုးပမ်းကြမည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။ မကြာသေးခင်ကာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏...