Sagaing News

Sagaing News

မြင်းမူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၃

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလက္ကပ္ပကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မြောင် မြို့နယ် T.G.R ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ၊ ကိုးဆူးဘုရားအနီး ရောက်ရှိလာသော ဒို့မြန်မာကျော်ဆီဆိုင်စခန်းနှင့် မြောင်လမ်းခွဲ စစ်တပ်စခန်းတို့မှ စစ်သား ၂၀ ဦး ခန့်ကို တော်လှန်ရေး ရဲဘော်များက ၄၀ မမ ဗုံးသီး ၁ လုံးဖြင့် ပစ်ခတ်ပြီးနောက် လက်နက်ငယ်များ ဖြင့် ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ကျန်စစ်သားများ ထွက် ပြေးသွားကြောင်း သိရသည်။

အလားတူ မြင်းမူမြို့နယ်အတွင်းရှိ စစ်တပ်အထိုင်စခန်းများမှ စစ်သား ၅၀ ခန့်သည် အိမ်စီးကား ၅ စီး ဖြင့် အလ္လကပ္ပကျေးရွာ တောင်ဘက်သို့ ထွက်လာခဲ့ရာ တော်လှန်ရေးအဖွဲ့များက အသင့်စောင့်ကြို၍ ပဒေသာမိုင်း ၃ လုံး ပွိုင့် ၂ ပွိုင့် ၄ လုံး ပွိုင့် တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ၄၀ မမ ဗုံး သီး ၃ လုံး အပြင် လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ကျောက်ဆည်ခရိုင် တပ် ရင်း ၂ ၊ Black Eagle Defence Force မြင်းမူမြို့နယ်ပလဖ ၊ အလ္လကပ္ပ တိုက်နယ် ပကဖ ၊ ရေနဂါး ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ဒေသတော်လှန်ရေးအဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...