Sagaing News

Sagaing News

ချောင်းဦးမြို့သို့ ရိက္ခာပို့ပြီးပြန်လာသော စစ်ယာဉ်တန်းနှင့် ကင်းပုန်းဝပ်စစ်သား၊ ပျူများကို ပစ်ခတ် တိုက်ခိုက်မှု ပျူ ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၃

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းနှင့် ကင်း ပုန်းစစ်သား၊ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးခဲ့ကြောင်း GOLDEN PEOCOCK ATTACK FORCE ထံမှ သိရသည်။

 

ဇူလိုင်လ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်က ‌ချောင်းဦးမြို့အတွင်းသို့ ရိက္ခာပို့ပြီး မုံရွာမြို့ဘက်သို့ ပြန် လာသော သံပြားကာကား ၅ စီး အနက် ၄ စီးမြောက်ကားနှင့် ၅ စီးမြောက် ကားကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက မုံရွာ – ချောင်းဦး လမ်းပိုင်း တစ်နေရာတွင် အသင့်စောင့်ဆိုင်း၍ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ရာ မုံရွာ -မန္တလေးလမ်းပေါ်အထိ တက်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့်လည်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း တောပုရွာမှ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

“နောက်ဆက်တွဲအနေနဲ့ တောပုရွာက ပျူတစ်ဦး ပွဲချင်းပြီးသေဆုံးတယ်လို့ အတွင်းသတင်းရထား ပါတယ်၊ ခရီးသွားမိဘပြည်သူတွေအနေနဲ့ စခကားတွေနား ကပ်မလို့မှာချင်ပါတယ်။ အဓိက ကတော့ မုံရွာ -ချောင်းဦးလမ်းပိုင်းမှာ စစ်ရေးတင်းမာနေပြီမို့ပါ၊” ဟု GOLDEN PEOCOCK ATTACK FORCE မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို GOLDEN PEOCOCK ATTACK FORCE မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ -၂ ၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃ ၊ TIGER FIGHTER M_21.2 နှင့် AERA 71 LOCAL PEOPLE DEFENCE FORCE တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျည်အင်အား မလုံ လောက်သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၁ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာ၌ အထိုင်ချတပ်စွဲ ထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ် သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အ မှတ် ၂...