Sagaing News

Sagaing News

မုံရွာမြို့ပေါ်ရှိ ရေဦးဂိတ်စခန်းရှိ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်၌ ဆက်ကြေးကောက်နေသော ရေဦးဂိတ်စခန်းရှိ စစ်သားများကို ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း The Phoenix Army ထံမှသိရသည်။

ယနေ့ ဇူလိုင်လ ၇ ရက် မွန်းလွဲ ၁ နာရီ ၂၇ မိနစ်က မုံရွာမြို့၊ တောင်ရပ်ကွက်ရှိ ရေဦးဆန်ဆိုင်ရှေ့၌ ဂိတ်ဖွင့်ထားပြီး ခရီးသွား ပြည်သူများကို စစ်ဆေးခြင်း၊ လိုင်စစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခြင်း များလုပ်ဆောင်နေသည့် အကြမ်းဖက်စစ်သားများကို မီတာ၃၀ ခန့်အကွာအနီးမှ လက်ပစ်မိုင်း၊ လက် နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၃၀ လောက်ရှိတယ်၊ ရေဦးဆန်ဆိုင်နားမှာရှိတဲ့ ဂိတ်မို့ ရေဦးခွေးဂိတ်လို့ခေါ်တာပါ၊ အစ ဦးဆုံးလက်ပစ်မိုင်းနဲ့ ပစ်လိုက်တယ်၊ နောက်တော့ ဂန်းငယ်တွေနဲ့ ဝိုင်းပစ်ခဲ့တာပါ၊ လက်ပစ်မိုင်းပစ် တော့ ၄ ယောက်လဲကျသွားတာတွေ့တယ်၊ စခတွေက အိမ်စီးကားတွေနဲ့ ပြည်သူတွေကို လိုက်လံ စစ်ဆေးနေတာတွေ့ရတယ်။” ဟု The Phoenix Army မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို The Phoenix Army နှင့် ဗန္ဓုလနှင့်အဖွဲ့သားများတပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသားတစ်ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ကာ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး အမျိုးသားတစ်ဦးကို...