ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူရွာအပါအဝင် စခန်း ၃ ခုကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက် သိမ်း ပိုက်၊ အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား၊ ပျူ ၂၄ ဦးသေဆုံးပြီး ၊လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၃၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူရွာအပါအဝင် စခန်း ၃ ခုကို တပြိုင်တည်းဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား၊ ပျူ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂၈ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က စစ်သား၊ ပျူအင်အား ၇၀ ကျော်ဖြင့် တပ်စွဲထားသော ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူကျေးရွာ၊ စခန်းကုန်းနှင့် ဘိုးနတ်တောင် စစ်တပ်အထိုင်စခန်းတို့ကို ဒရုန်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ပြီးနောက် တပြိုင် တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ဟင်္သာကြီး(ပျူ) ကျေးရွာရှိ ပျူဘန်ကာ ၅ ခုအား အောင်မြင်စွာ သိမ်းပိုက် ရရှိနိုင်ခဲ့သော်လည်း အနီးရှိ စစ်တပ် စခန်းကုန်းအား ဆက်လက်သိမ်းယူနေစဉ်အတွင်း ကျောက် မြောင်း ခမရ (၁၂) ၊ ရွှေဘို ခလရ (၄၂) မှ ဟောင်ဝှစ်ဇာ၊ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် အကြိမ်ကြိမ် ပစ်ကူပေးခဲ့ပြီး စစ်ကူအင်အားများထပ်ရောက်လာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရ သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၇) ဦးသေဆုံးကြောင်းတိုက်ပွဲဝင်ရဲဘော်များမှ မျက်မြင် အတည်ပြုနိုင်ခဲ့ပြီး၊ အရာခံဗိုလ် ၁ ဦးအပါအဝင် နောက်ဆက်တွဲ ၇ ဦး ထပ်မံသေဆုံးကြောင်း ၊ ပြည် သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရပြီး ရဲဘော် ၄ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပါကြောင်း သိရသည်။
ထို့အပြင် ကာဘိုင် အမျိုးအစား သေနတ် ၂ လက်၊ ကိုးလုံး သေနတ် ၁ လက်၊ G-3 အမျိုးအစား သေ နတ် ၁ လက်၊ ကိုးလုံးကျည် (၆၆) တောင့်၊ G-3 ကျည် (၆၃၅) တောင့်နှင့် ကျည်အိမ် (၄) ခုသိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖော်ဆောင်နေစဉ်အတွင်း သုံ့ပန်း (၁၈)ဦး ဖမ်းဆီးရမိခဲ့သော်လည်း ကလေးသူငယ်၊ အမျိုး သမီး၊ သက်ကြီးရွယ်အိုများဖြစ်နေသောကြောင့်လည်းကောင်း၊ စစ်ရေးအခြေအနေ တင်းမာလာမှုနှင့် နယ်မြေအနေအထားတို့အရ လည်းကောင်း ဘေးလွှတ်ရာသို့ ပို့ဆောင်ကာ ပြန်လည်လွှတ်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက် ရေးအဖွဲ့၊ တိုက်နယ် (၂)(၄)(၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရေ ဦး မြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပကဖ Group – 3 အဖွဲ့၊ ရွှေဘိုမြို့နယ် ပကဖ PDO (Shwebo Faderal Tech-Drone တပ်ဖွဲ့) ၊ ဘုတလင်မြို့နယ် ပကဖ Droneတပ်ဖွဲ့နှင့် တိုက် နယ် (၅) ပကဖ Drone တပ်ဖွဲ့တို့မှပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media